-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိမ်မက်ထဲက မီလျံနာဘ၀မှ လက်တွေ့ဆီသို့

အိမ်မက်ထဲက မီလျံနာဘ၀မှ လက်တွေ့ဆီသို့ google.com

အဆိုးမြင်တဲ့စိတ်ကနေ အကောင်းမြင်တဲ့စိတ်ဖြစ်အောင် ပြောင်းလဲပြီး မီလျှံနာတွေဖြစ်နိုင်တဲ့အထိ အတုယူသင့်တဲ့ အကျင့်စရိုက်(၉)ခုကိုမျှဝေချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုတိုးတက်ဖို့စာဖတ်ကြပါတယ်

စာဖတ်တဲ့အကျင့်က ကိုယ့်ကိုယ်ကိုပိုသန်မာလာစေတဲ့အပြင် လုပ်ငန်းခွင်ကို ပိုတိုးတတ်အောင် စွမ်းဆောင် ပေးနိုင်တဲ့ လုပ်ငန်းရှင်ကောင်းတစ်ယောက်ဖြစ်လာစေပါတယ်။

အေးဆေးတဲ့နေရာမှာ အချိန်ရပြီ ဆိုတာနဲ့ မီလျံနာတွေ တော်တော်များများက စာဖတ်ကြပါတယ်။ များသောအားဖြင့် တက်ကျမ်းတွေ ခေါင်းဆောင်မှု နည်းနာတွေ ကျော်ကြားတဲ့လူတွေအကြောင်းရေးထားတဲ့စာအုပ်တွေ လက်ရှိဖြစ်ပျက်နေတဲ့ သတင်းတွေကို ဖတ်ကြတာပါ။

(၂)၀င်ငွေကို နည်းလမ်းပေါင်းများစွာနဲ့ ရှာတတ်ကြပါတယ်

မီလျံနာတွေက ၀င်ငွေကို တစ်နေရာထဲကပဲ ရှာတတ်ကြတာမဟုတ်ပါဘူး။ သူတို့မှာ ငွေဝင်ရနိုင်တဲ့ နေရာများစွာ ရှိနေတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့အနေနဲ့ စီးပွားရေးအလှည့်အပြောင်းတွေကို

ကောင်းကောင်းကိုင်တွယ်နိုင်သလို ငွေလည်းပိုဝင်ကြတာပါ။ ဒီနေရာမှာငွေတိုးချေးစားစနစ်တွေ ရှယ်ယာဝင်တာတွေ ရင်းနှီးမြှုပ်နှံမှုတွေ ငှားရမ်းရေးတွေ စတဲ့ တစ်ခါစလိုက်ရုံနဲ့ နောက်ပိုင်းမှာ သိပ်အားထုတ်စရာမလိုတဲ့ အလိုအလျောက် ငွေဝင်နည်းတွေကို သုံးတတ်ကြပါတယ်။

(၃)လစဉ် ဘတ်ဂျက်ကိုသေချာကိုင်တွယ်တတ်ကြပါတယ်

မီလျံနာတွေကို ကံပေါ်ပုံပြီး ပိုက်ဆံရှာတတ်ကြတဲ့သူတွေ မဟုတ်ပါဘူး။ လစဉ်လတိုင်းမှာ ၀င်ငွေထွက်ငွေ ဘယ်လောက်ရှိလဲဆိုတာ သိရဖို့ အချိန်ကောင်းကောင်းယူတတ်ကြပါတယ်။

ပြောရမယ်ဆိုရင် လစဉ်ဘတ်ဂျက်ကို သတ်မှတ်ထားတတ်တဲ့သူတွေပါ။ ဒီလိုထားလိုက်တာကြောင့် မလိုအပ်တဲ့ အပိုကုန်ကျငွေကိုကိုလျှော့ချနိုင်သလို အနာဂတ်ငွေကြေးအတွက်လည်း စိတ်ချရတဲ့အပြင် သတ်မှတ်ထားတဲ့ စီးပွားရေး plan ကိုလည်း အောင်မြင်စေမှာပါ။

(၄)ပိုက်ဆံကိုလွယ်လွယ်နဲ့မဖြုန်းပါဘူး

ပိုက်ဆံကိုသာ လွယ်လွယ်နဲ့ဖြုန်းရင် ချမ်းသာလာနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ မီလျံနာတွေဟာ သူတို့ဘယ်လောက်ဝင်ငွေကောင်းကောင်း အခွန်အခရှောင်ရှားမှုနည်းဗျူဟာတွေကို ကောင်းကောင်း သိထားကြပါတယ်။

(၅)ကြွေးမြီတွေကို ရှောင်ရှားကြပါတယ်

မီလျံနာတွေဟာ သူတို့တကယ်တတ်နိုင်တဲ့အရာကိုပဲ လက်ငင်းငွေချေပြီး ၀ယ်ယူ တတ်ကြပါတယ်။ အပန်းဖြေခရီးထွက်ပြီး credit ကတ်နဲ့ခရီးတစ်ခုလုံးစာ ငွေချေတာမျိုးမလုပ်ကြပါဘူး။

တတ်နိုင်သမျှ cash ကိုပဲသုံးတတ်ကြတာပါ။ credit ကို သူတို့ ချက်ချင်းပေးချေဖို့တတ်နိုင်တာသေချာတဲ့ အရာတွေကို ၀ယ်ယူမှသာ သုံးကြတာပါ။

(၆)Daily goals တွေချမှတ်ကြပါတယ်

ဒီလိုချမှတ်လိုက်ခြင်းဟာ အာရုံစူးစိုက်မှုကိုပိုကောင်းလာစေသလို ဟန်ချက်ညီမှုကိုလည်းထိန်းပေးနိုင်ပါတယ်။ Daily goals ကို ချမှတ်တဲ့အခါမှာ ဦးစားပေးရမယ့်အရာကို သေချာသိထားသင့်ပါတယ်။

သဘောကတော့ အရေးကြီးတာတွေကို အရင်လုပ်စေချင်တာပါပဲ။ “ထောင်မြင်ရာစွန့်”ဆိုတဲ့ စကားပုံလိုပဲ ကိုယ့်အတွက် အကျိုးပိုရှိစေမဲ့ အရာတွေကိုပဲ ဦးစားပေးလုပ်စေချင်ပါတယ်။

(၇)ချမ်းသာတဲ့ပုံမဖမ်းပါဘူး

နာမည်ကြီးကား brand တွေ ဈေးကြီးတဲ့အရက်တွေ တိုက်ကြီးကြီးတွေကို သုံးစွဲသူအများစုဟာ မီလျံနာတွေ မဟုတ်ဘူးဆိုရင်သင်ယုံပါသလား?

နာမည်ကြီး brand တွေကို သုံးပြုပြီး သူဌေးပုံဖမ်းနေတဲ့သူတွေဟာ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် လိုက်အတုခိုးနေတဲ့သူတွေပါပဲ။

လေ့လာမှုတွေအရ $250,000 နဲ့ အထက် ရှာနိုင်သူတွေရဲ့ 60% ကျော်ဟာ ဈေးကြီးတဲ့ ဇိမ်ခံကားတွေကိုမစီးဘဲ toyota, honda နဲ့ fordsလို ကားတွေကိုသာ စီးတတ်ကြပါတယ်တဲ့။

အကြောင်းကတော့ သူတို့ ပိုက်ဆံစရှာတဲ့ နှစ်အစောပိုင်းတွေမှာ ဝင်ငွေရဲ့ တစ်ဝက်ကျော်လောက်အထိ ကုန်သွားနိုင်တဲ့ ဇိမ်ခံကားတွေကို မဝယ်ဘဲ တခြား ပိုက်ဆံရင်းပြီးပွားလို့ရတဲ့နေရာတွေမှာသာ ရင်းနှီးမြှုပ်နှံချင်ကြလို့ပါ။

(8) စွန့်ဦးတီထွင်သူတွေ ဖြစ်ကြပါတယ်

အမေရိကန်နိုင်ငံရဲ့ အိမ်ခြေ 80% လောက်ကို ကိုယ်ပိုင်လုပ်ငန်းရှင်တွေက ပိုင်ဆိုင်ထားကြပါတယ်။ 18% လောက်ကိုတော့ တစ်နိုင်တစ်ပိုင်စီးပွားရေးသမားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေက ပိုင်ဆိုင်ထားကြပါတယ်။

ဒါပေမယ့် တစ်နိုင်တစ်ပိုင်သမားတွေဟာ သူများဆီမှာ အလုပ်လုပ်တဲ့သူတွေထက် မီလျံနာဖြစ်နိုင်ချေ လေးဆလောက်ပိုပါတယ်။ မီလျံနာတွေဟာ ကိုယ်နှစ်သက်မြတ်နိုးရာအလုပ်ကို လုပ်ရင်း ချမ်းသာ လာသူတွေပါပဲ။

(9) စိတ်ရှည်သည်းခံနိုင်ကြပါတယ်။

နေ့ချင်းညချင်း မီလျံနာဖြစ်သွားကြသူတွေအကြောင်း ကျွန်တော်တို့ကြားဖူးကြမှာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့အတွက်လည်း စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းခဲ့ရတဲ့အချိန်တွေ ရှိပါတယ်။

မီလျံနာတွေလက်ကိုင်ထားတတ်တဲ့ အတွေးကတော့ စိတ်ရှည်သည်းခံမှုဟာ တန်ဖိုးထားစရာစိတ်ဓာတ်ပါပဲတဲ့။

ကဲ သင်လည်း မီလျံနာ တစ်ယောက်ဖြစ်ဖို့ဆိုတာ မဝေးတဲ့အိပ်မက်တစ်ခုဖြစ်ကြောင်း ဒီအချက်လေးတွေက သက်သေပြနေတယ်နော်။

Read-အသက်ငယ်ပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့ သူတွေအတွက်

Source ; Myanmar Online Entrepreneur

Read times
Rate this item
(3 votes)