-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့ကုမ္ပဏီကြီးများ မခိုးဘူးလား?

ကမ္ဘာ့ကုမ္ပဏီကြီးများ မခိုးဘူးလား? google.com

ခေါင်းစဉ်ကြောင့် လန့်မသွားပါနဲ့။

တကယ်က သူများစီးပွားရေးကို  အတုခိုးဖို့ တိုက်တွန်းတိုက်တွန်းချင်တာပါ။

ဒီအကြောင်းကို ဟားဗတ်စီးပွားရေးစင်တာမှာ ပညာရှင်များ ပြောဆိုတာဟာလည်း လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းကဖြစ်ပါတယ်။

ဒီ အိုင်ဒီယာကို မြန်မာပြည်မှာတကယ်တန်း လက်တွေ့ အသုံးချနေသူများလည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ တဖြည်းဖြည်း ပေါ်ပေါက်လာပါတယ်။

တကယ်တန်းကျ ၂၀၁၂ နောက်ပိုင်းမှ မဟုတ်ပါဘူး။

ကမ္ဘာတစ်ဝန်းမှ အောင်မြင်ပြီးသွား စီးပွားရေး ပုံစံတွေကို မြန်မာပြည်မှာ အတုခိုး လုပ်ကိုင်ပြီး အောင်မြင်နေတာတွေ သာဓကပေါင်းများစွာ ရှိပါတယ်။

ဒါကိုတရုတ်စီးပွားရေး ပညာလို့လည်း ကြံကြံဖန်ဖန်ခေါ်ကြပါတယ်။

အတုခိုးတဲ့နေရာမှာ တူမတူအောင် ထူးချွန်တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

ယခု ဆွေးနွေးမှာကတာ့ မြန်မာပြည်နဲ့ ဆက်စပ်တာကိုပဲ အရေးပေးသွားမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းကြီးအများစုဟာ သူခိုးတွေဖြစ်ပြီးသူခိုးကြီးနဲ့ သူခိုးလေးသာရှိကြောင့် Pirate of the Silicon Valley ရုပ်ရှင်ဇာတ်ကားနဲ့ သက်သေပြသွားပါတယ်။

ဟုတ်ပါတယ်။ Microsoft ရဲ့ Windows အစဟာ Microsoft Windows မဟုတ်ပဲ OS ဆော့ဖ်ဝဲသီးသန့်ထုတ်တဲ့ ကုမ္ပဏီငယ်လေးတစ်ခုကနေ ဝယ်ယူခြင်းဖြစ်ပါတယ်။

Facebook အစဟာလည်း Facebook မဟုတ်ပါဘူး။

Friendstar လို့ခေါ်တဲ့ Social Media အိုင်ဒီယာ အခြေခံတာကြောင့် တရားဥပဒေနဲ့ ရင်ဆိုင်ရပါသေးတယ်။

Blackberry မပေါ်ရင် အိုင်ဖုန်းဆိုတာကော ပေါ်မလာနိုင်ဘူးလို့ ဟားဗတ်မှ ပညာရှင်များကလည်း သုံးသပ်ပါတယ်။

Mac ကွန်ပြူတာနဲ့ Windows ကွန်ပြူတာမှာ မော့စ် ခလုတ်ရဖို့အတွက်လည်း အပြန်အလှန် အချင်းများခဲ့ကြပါ သေးတယ်။

ယခုလည်း Facebook ရဲ့ Messenger မှာပါဝင်တဲ့ my dayတို့ဟာလည်း တကယ်တန်းကျ Snapchat ရဲ့ အိုင်ဒီယာပါပဲ။

Instagram ကိုဝယ်လို့ရသွားလို့သာ Facebook က Instagram ရဲ့ Feature တွေကို Facebook မှာ အသက်မသွင်းခဲ့တာပါ။

ဒီလိုပဲ အသေးစား ကောင်းရာနိုးနိုး Feature များကို အပြန်အလှန်ခိုးခြင်း အပြင် အကြီးစား ခိုးမှုများလည်း ဖြစ်ပါတယ်။

စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ ဘာကြောင့်မို့ အချင်းများနေကြပါသလဲ။

ဟုတ်ကဲ့။ အပြန်အလှန် ဉာဏပညာများကို လိုက်တု၊ လိုက်ခိုးနေကြလို့ ဖြစ်ပါတယ်။

Xiaomi ကတော့ ရှင်းပါတယ်။

Apple ကုမ္ပဏီနဲ့ ကုန်ပစ္စည်းကို အားကျလို့ Apple ကို လိုက်တုပြီးထုတ်တယ်လို့ စထွက်ကတည်းက တရားဝင်ကြေညာခဲ့ပါတယ်။

ယခုတော့ ကမ္ဘာ့အဆင့် ၅ ဝင်တဲ့စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်နေပါပြီ။

ဒါတွေဟာ နိုင်ငံတကာ အနေအထားကို ပြောပြတာပါ။

မြန်မာနိုင်ငံမှာ ယနေ့အချိန်မှာဆိုရင် 4GB ရပါပြီ။

infrastructure အားဖြင့် perfect မဟုတ်တောင် အတော်အတန် အသင့် အသုံးပြုလို့ကောင်းတဲ့ အနေအထားတစ်ခုကို ရောက်နေပါပြီ။

အင်တာနက် အဖိုးအခ ကလည်း နိုင်ငံတကာနဲ့ စာရင်သက်သာပါတယ်။

မြန်မာပြည်က တစ်ဦးချင်း ဝင်ငွေနည်းလို့သာ များတယ်လို့ ထင်ရတာပါ။

ထားပါ။ နိုင်ငံတကာက အောင်မြင်နေတဲ့ ဆော့ဖ်ဝဲတွေ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေ၊ e-commerce တွေ၊ Product တွေကို လေ့လာပါ။

လက်တွေ့အသုံးချကြည့်ပါ။

အားသာချက်က Platform တစ်ခု စလုပ်ဖို့အတွက် အဖိုးအခ အင်မတန် သက်သာပါတယ်။

ဆိုင်ခန်းကြီးတစ်ခု ငှားရတာ မဟုတ်တာကြောင့် အင်မတန် သက်သာပါတယ်။

ဆော့ဖ်ဝဲရေးမယ်ဆိုရင် ကွန်ပြူတာတစ်လုံးနဲ့ အင်တာနက်ပဲလိုအပ် ပါတယ်။

Dota ကို Inspire ဖြစ်ပြီးတော့ Mobile Legend ဆိုတဲ့ ဂိမ်းဟာ တရုတ်ပြည်ကနေ ပေါက်ဖွားလာပြီး ကမ္ဘာ့ထိပ်တန်းဝင်တဲ့ ဂိမ်းတစ်ခု ဖြစ်နေပါပြီ။

မြန်မာပြည်ရှိ စီးပွားရေးပညာရှင်၊ အတတ်ပညာရှင်များ အနေဖြင့်လည်း မိမိမှာ ရှိတဲ့ Capacity ကို ကောင်းကောင်း အသုံးချလို့

နိုင်ငံတကာကို ယှဉ်လို့ရတဲ့ business များ ပေါ်ပေါက်လာစေခင်ဗျာ...။

Recommended for you-ကိုယ့်ကိုယ်ကို အားဆေးတိုက်ပါ!

Source; myanmarentrepreneur

Read times
Rate this item
(2 votes)