-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing Plan ေရးဆြဲနည္း..

Marketing Plan ေရးဆြဲနည္း.. Google

Marketing Plan သည္ လုပ္ငန္းတစ္ခုလုပ္ရာတြင္ မရွိမျဖစ္အေရးပါေသာ အစီအစဥ္တစ္ခုျဖစ္ေပသည္။ Marketing Plan ေရးဆြဲလ်င္ လိုအပ္ေသာ အခ်က္အလက္မ်ားအားေအာက္ပါအတိုင္းထည့္သြင္းစဥ္းစား ႏိုင္သည္။

(၁) Executive Summary
(၂) Stiuational Analysis
(၃) Objectives
(၄) Strategy
(၅) Tactics
(၆) Action Plan
(၇)Control တို႕ျဖစ္ပါသည္။

(၁) Executive Summary…
ဘာေၾကာင့္ မိမိအစီအစဥ္ေတြကို အႏွစ္ခ်ဳပ္ေရးသင့္တာလည္းဆိုေတာ့ မိမိသည္ အထက္လူၾကီးမ်ား အစည္းအေ၀းတြင္ အခ်ိန္ကို ၾကာျမင့္စြာ နားေထာင္လိုျခင္းမရွိေပ ။ထို႕ေၾကာင့္မိမိသည္ Plan တစ္ခုေရးဆြဲျပီး သည့္အခ်ိန္တြင္ အထက္အရာရွိမ်ားႏွင့္ မိမိႏွင့္ လက္တြဲလုပ္ေဆာင္မည့္ သူမ်ားအား အစီအေ၀းမ်ားတြင္ ရွင္းျပ ရန္အတြက္ အစီအစဥ္ကိုအက်ဥ္းခ်ံုး ေရးသားထားရပါမည္။ ထိုသို႔ေရးသားရာတြင္လည္း အဓိကသြားလိုသည့္ မိမိ target ကို ေပၚလြင္ေအာင္ေရးထားရန္လိုအပ္ေပသည္။
(၂) Stiuational Analysis…
ေစ်းကြက္မွာမိမိပစၥည္းသည္ ဘယ္အေျခအေနကိုေရာက္ေနလည္း၊ အခုမွထိုးေဖာက္ဖို႕ျပင္ဆင္ေနတာ လား၊ မိမိသည္ ဘယ္လိုအမ်ိဳးအစားကို ထိုးေဖာက္မွာလည္းအေျခအေနအရပ္ရပ္ကို ေလ့လာသံုးသပ္ရပါမည္။ ထိုအခ်င္းအရာတြင္ Marker Audit( Macro and Micro ) ျပဳလုပ္ရပါမယ္ ။ Market , product , competitors ,Distributor ,Pestle Analysis တို႕ျပဳလုပ္ရပါမည္။ထို႔ျပင္ မိမိထုတ္လုပ္မည့္ သို႕မဟုတ္ ေရာင္းခ်မည့္ပစၥည္း သည္ Who (ဘယ္သူေတြ သံုးတာလည္း ၊ ဘယ္လိုလူေတြ ၀ယ္တာလည္း ) ၊ Market ( ေစ်းကြက္ အတြင္ မိမိပစၥည္းနည္းတူ ေစ်းကြက္ထိုးေဖာက္ ႏိုင္ဖို႕လြယ္လား) ၊ When ( ဘယ္အခ်ိန္ ေရာင္းမွာလည္း) ၊ Where ( ဘယ္ေနရာမွာ ေရာင္းမွာလည္း) ၊product ( မိမိကုန္ပစၥည္းအမ်ိဳးအစား က ဘာအမ်ိဳးအစားလည္း၊ ဘယ္ႏွစ္မ်ိဳး ရွိလည္း ၊ useful ( မိမိ စၥည္းဟာ လူမ်ားစုတြက္ အသံုး၀င္တာလား၊ လူနည္းစုတြက္ အသံုး၀င္တာလား၊ မရွိမျဖစ္အသံုးျပဳရန္လိုအပ္ေသာ ပစၥည္းလား၊ ဇိမ္ခံပစၥည္းလား) ၊ Formula ( ေစ်းကြက္ တြင္ မည္သို႕ထိုးေဖာက္ ဖို႕ျပင္ဆင္ထားသလဲ၊ ဘယ္အခ်ိန္မွာ ထိုးေဖာက္မလည္း ၊ ဘယ္သူေတြကို အဓိကထား ေရာင္းခ်မွာလည္း၊ ဘယ္ေဒသမွာ ေရာင္းခ်မွာလည္းစသည္ျဖင့္ စဥ္းစားျပီး ။ Whole sale၊ retail ၊ Modern Trade စသည္ျဖင့္ ဘယ္လိုျဖန္႕မွာလည္း၊ Profit ( အျမတ္ ဘယ္ေလာက္နဲ႕ သြားခ်င္တာလည္း ) ၊ CapitaL ( ဘယ္ေလာက္ရွိလည္း) စသည္ျဖင့္ တြက္ခ်က္ထားရပါမည္။ pestle Analysis မွာ အေျပာင္းအလဲမ်ားျဖစ္တတ္ ေသာ ႏိုင္ငံစီးပြားေရး၊ နည္းပညာပိုင္းဆိုင္ရာ အေျပာင္းအလဲ၊ လူေနမႈပံုစံ အေျပာင္းအလဲ ၊ေစ်းကြက္အေျပာင္း အလဲမ်ားျဖစ္လာႏိုင္ေခ်မ်ားကို ထည့္သြင္း စဥ္းစားထားရပါမည္။
(၃) Objectives…
လုပ္ငန္းတစ္ခုလုပ္ကိုင္ရာတြင္ မိမိtarget ကို ဘယ္အထိသြားခ်င္တာလည္း ၊ ဘယ္ေလာက္ဆိုရင္ ရပ္မွာလည္း စသည္ျဖင့္ ထည့္သြင္းစဥ္းစားရန္လိုအပ္ေပးသည္။ မိမိသည္ ကုိယ္လိုခ်င္တဲ့ Target ေရာက္ေအာင္သြားရန္ KSF Issues ( Key Success Factor ) ေတြေရးေပးရပါမည္။ ထိုသို႕ သြားရာတြင္လည္း SMART ( specific , Measurable , Achievable , Realistic , Time ) ျဖစ္ရန္လိုအပ္ေပးသည္။

(၄) Strategy…
ကိုယ္ ရည္မွန္းခ်က္က ဘယ္ကိုေရာက္ေအာင္သြားမွာလည္း ဆိုတဲ႕အပိုင္းျဖစ္ပါတယ္ ။ ထိုသို႔ေသာ ရည္မွန္းခ်က္ကို ဘယ္လိုနည္းဗ်ဴဟာ သံုးျပီး ေရာက္ေအာင္သြားမလဲဆိုတဲ့အခ်က္တစ္ခုပါ။ ထိုအခ်င္းအရာတြင္ မိမိကုန္ပစၥည္းသည္ ဘယ္ေနရာ၊ ဘယ္လိ္ုအလြႊာ ၊အခ်ိန္အတိုင္းအတာ၊ ဘယ္လိုလူမိ်ဳး ၊ ဘယ္ေဒသစေသာ အေၾကာင္းအရာမ်ားကို ထည့္သြင္းေရးဆြဲထားရပါသည္။ အလႊာအတန္းအစားအားလံုုး သံုးစြဲႏိုင္ေသာ ပစၥည္းျဖစ္လ်င္ ေကာင္းပါသည္။ သို႕ေသာ္ ထိုသို႕ ျဖစ္ႏိုင္ရန္ လြန္စြာနည္းပါးေသာေၾကာင့္ အခ်က္အလက္ မ်ားကို အေသးစိတ္ေရးသြင္းရပါမည္။

(၅) Tactics…
နည္းပရိယာယ္ ပိုင္းဆိုင္ရာမွာ Strategy ႏွင့္ခ်ိတ္ဆက္ျပီး လုပ္ေဆာင္ရမွာျဖစ္ပါတယ္ ။ထိုသို႕႔ ခ်ိတ္ဆက္ျပီး Plan B အေနနဲ႕ အေရးေပၚအေျခအေန အတြက္ အရံ ဆြဲထားရပါမည္ ။ အဘယ္ေၾကာင့္ဆိုေသာ္ တစ္ခါတစ္ရံ လြဲေခ်ာ္မႈရွိခဲ့လ်င္ ခ်က္ခ်င္းအစားထိုးေဆာင္ရြက္ ႏိုင္ရန္ ၾကိဳတင္ျပင္ဆင္ထားရပါမည္။ ထို႕မွသာ plan ေခ်ာ္လ်င္ေတာင္ အနည္းငယ္သာ ဆံုးရွံဳး ႏိုင္ေခ် ရွိမွာျဖစ္ပါတယ္။

 

ျမန္မာ့ၾသဘာေၾကာ္ျငာ ႏွင့္ ထိုင္းေၾကာ္ျငာတစ္ခု ကို ဆင္တူ ေနသေလာ

 

(၆) Action Plan…
ဟုတ္ပါျပီ စဥ္းစားေတြးေခၚ Plan ဆြဲေနရံုနဲ႕ မျပီး ပါဘူး အဘယ္ေၾကာင့္ဆိုေသာ္ လုပ္ဆာင္မႈရွိမွပဲ လုပ္ငန္း ေအာင္ျမင္ႏိုင္မွာပါ ။ ထို႕ေၾကာင့္ Plan ဆြဲရာတြင္ ဘယ္အခ်ိန္ ဘာလုပ္မယ္ အတိအက် ေရးထားရန္ လုိအပ္ျပီး ဘယ္အခ်ိန္ ကို ဘယ္အတိုင္းအတာထိေရာက္ေအာင္သြားမွာလည္းဆိုသည့္အခ်က္မ်ားကို ထည့္သြင္းေရးဆြဲ ထားရပါမည္။ထိုမွသာ မိမိ တို႕ လုပ္ဆာင္သည့္ အတိုင္း ေအာင္ျမင္ေအာင္ ေဆာင္ရြက္ ႏိုင္မွာပဲျဖစ္ပါတယ္။

(၇) Control…
Control လုပ္ရာတြင္ မိမိ staff , Plan မ်ားအား ထိန္ခ်ဳပ္ေဆာင္ရြက္ ထားျခင္းျဖစ္ပါတယ္ ။ ထိုျပင္ Internal Control and Externals Control အေနနဲ႕ ႏွစ္ပိုင္း ခဲြျခားထားပါသည္။ ထိုControl ပိုင္းသည္လည္း လုပ္ငန္း တစ္ခုတြင္ အလြန္အေရးၾကီးေၾကာင္းကိုသိရွိထားရမည္။ မိမိတို႕Plan စျပီးလ်င္ မိမိသည္ အထက္လူၾကီးမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးျပီး report ႏွင့္ result မ်ားအား ေသခ်ာေစာင့္ၾကည့္ ျပီး လိုအပ္ေသာ ေနရာမ်ားကို ျဖည့္ဆည္း ေဆာင္ရြက္ေပးရမည္ျဖစ္သည္။..

 

<<< Unicode >>>

 

Marketing Plan သည် လုပ်ငန်းတစ်ခုလုပ်ရာတွင် မရှိမဖြစ်အရေးပါသော အစီအစဉ်တစ်ခုဖြစ်ပေသည်။ Marketing Plan ရေးဆွဲလျင် လိုအပ်သော အချက်အလက်များအားအောက်ပါအတိုင်းထည့်သွင်းစဉ်းစား နိုင်သည်။

(၁) Executive Summary
(၂) Stiuational Analysis
(၃) Objectives
(၄) Strategy
(၅) Tactics
(၆) Action Plan
(၇)Control တို့ဖြစ်ပါသည်။

(၁) Executive Summary…
ဘာကြောင့် မိမိအစီအစဉ်တွေကို အနှစ်ချုပ်ရေးသင့်တာလည်းဆိုတော့ မိမိသည် အထက်လူကြီးများ အစည်းအဝေးတွင် အချိန်ကို ကြာမြင့်စွာ နားထောင်လိုခြင်းမရှိပေ ။ထို့ကြောင့်မိမိသည် Plan တစ်ခုရေးဆွဲပြီး သည့်အချိန်တွင် အထက်အရာရှိများနှင့် မိမိနှင့် လက်တွဲလုပ်ဆောင်မည့် သူများအား အစီအဝေးများတွင် ရှင်းပြ ရန်အတွက် အစီအစဉ်ကိုအကျဉ်းချုံး ရေးသားထားရပါမည်။ ထိုသို့ရေးသားရာတွင်လည်း အဓိကသွားလိုသည့် မိမိ target ကို ပေါ်လွင်အောင်ရေးထားရန်လိုအပ်ပေသည်။
(၂) Stiuational Analysis…
ဈေးကွက်မှာမိမိပစ္စည်းသည် ဘယ်အခြေအနေကိုရောက်နေလည်း၊ အခုမှထိုးဖောက်ဖို့ပြင်ဆင်နေတာ လား၊ မိမိသည် ဘယ်လိုအမျိုးအစားကို ထိုးဖောက်မှာလည်းအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ရပါမည်။ ထိုအချင်းအရာတွင် Marker Audit( Macro and Micro ) ပြုလုပ်ရပါမယ် ။ Market , product , competitors ,Distributor ,Pestle Analysis တို့ပြုလုပ်ရပါမည်။ထို့ပြင် မိမိထုတ်လုပ်မည့် သို့မဟုတ် ရောင်းချမည့်ပစ္စည်း သည် Who (ဘယ်သူတွေ သုံးတာလည်း ၊ ဘယ်လိုလူတွေ ဝယ်တာလည်း ) ၊ Market ( ဈေးကွက် အတွင် မိမိပစ္စည်းနည်းတူ ဈေးကွက်ထိုးဖောက် နိုင်ဖို့လွယ်လား) ၊ When ( ဘယ်အချိန် ရောင်းမှာလည်း) ၊ Where ( ဘယ်နေရာမှာ ရောင်းမှာလည်း) ၊product ( မိမိကုန်ပစ္စည်းအမျိုးအစား က ဘာအမျိုးအစားလည်း၊ ဘယ်နှစ်မျိုး ရှိလည်း ၊ useful ( မိမိ စ္စည်းဟာ လူများစုတွက် အသုံးဝင်တာလား၊ လူနည်းစုတွက် အသုံးဝင်တာလား၊ မရှိမဖြစ်အသုံးပြုရန်လိုအပ်သော ပစ္စည်းလား၊ ဇိမ်ခံပစ္စည်းလား) ၊ Formula ( ဈေးကွက် တွင် မည်သို့ထိုးဖောက် ဖို့ပြင်ဆင်ထားသလဲ၊ ဘယ်အချိန်မှာ ထိုးဖောက်မလည်း ၊ ဘယ်သူတွေကို အဓိကထား ရောင်းချမှာလည်း၊ ဘယ်ဒေသမှာ ရောင်းချမှာလည်းစသည်ဖြင့် စဉ်းစားပြီး ။ Whole sale၊ retail ၊ Modern Trade စသည်ဖြင့် ဘယ်လိုဖြန့်မှာလည်း၊ Profit ( အမြတ် ဘယ်လောက်နဲ့ သွားချင်တာလည်း ) ၊ CapitaL ( ဘယ်လောက်ရှိလည်း) စသည်ဖြင့် တွက်ချက်ထားရပါမည်။ pestle Analysis မှာ အပြောင်းအလဲများဖြစ်တတ် သော နိုင်ငံစီးပွားရေး၊ နည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲ၊ လူနေမှုပုံစံ အပြောင်းအလဲ ၊ဈေးကွက်အပြောင်း အလဲများဖြစ်လာနိုင်ချေများကို ထည့်သွင်း စဉ်းစားထားရပါမည်။
(၃) Objectives…
လုပ်ငန်းတစ်ခုလုပ်ကိုင်ရာတွင် မိမိtarget ကို ဘယ်အထိသွားချင်တာလည်း ၊ ဘယ်လောက်ဆိုရင် ရပ်မှာလည်း စသည်ဖြင့် ထည့်သွင်းစဉ်းစားရန်လိုအပ်ပေးသည်။ မိမိသည် ကိုယ်လိုချင်တဲ့ Target ရောက်အောင်သွားရန် KSF Issues ( Key Success Factor ) တွေရေးပေးရပါမည်။ ထိုသို့ သွားရာတွင်လည်း SMART ( specific , Measurable , Achievable , Realistic , Time ) ဖြစ်ရန်လိုအပ်ပေးသည်။

(၄) Strategy…
ကိုယ် ရည်မှန်းချက်က ဘယ်ကိုရောက်အောင်သွားမှာလည်း ဆိုတဲ့အပိုင်းဖြစ်ပါတယ် ။ ထိုသို့သော ရည်မှန်းချက်ကို ဘယ်လိုနည်းဗျူဟာ သုံးပြီး ရောက်အောင်သွားမလဲဆိုတဲ့အချက်တစ်ခုပါ။ ထိုအချင်းအရာတွင် မိမိကုန်ပစ္စည်းသည် ဘယ်နေရာ၊ ဘယ်လိုအလွှာ ၊အချိန်အတိုင်းအတာ၊ ဘယ်လိုလူမျိုး ၊ ဘယ်ဒေသစသော အကြောင်းအရာများကို ထည့်သွင်းရေးဆွဲထားရပါသည်။ အလွှာအတန်းအစားအားလုံး သုံးစွဲနိုင်သော ပစ္စည်းဖြစ်လျင် ကောင်းပါသည်။ သို့သော် ထိုသို့ ဖြစ်နိုင်ရန် လွန်စွာနည်းပါးသောကြောင့် အချက်အလက် များကို အသေးစိတ်ရေးသွင်းရပါမည်။

(၅) Tactics…
နည်းပရိယာယ် ပိုင်းဆိုင်ရာမှာ Strategy နှင့်ချိတ်ဆက်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ် ။ထိုသို့ ချိတ်ဆက်ပြီး Plan B အနေနဲ့ အရေးပေါ်အခြေအနေ အတွက် အရံ ဆွဲထားရပါမည် ။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ လွဲချော်မှုရှိခဲ့လျင် ချက်ချင်းအစားထိုးဆောင်ရွက် နိုင်ရန် ကြိုတင်ပြင်ဆင်ထားရပါမည်။ ထို့မှသာ plan ချော်လျင်တောင် အနည်းငယ်သာ ဆုံးရှုံး နိုင်ချေ ရှိမှာဖြစ်ပါတယ်။

(၆) Action Plan…
ဟုတ်ပါပြီ စဉ်းစားတွေးခေါ် Plan ဆွဲနေရုံနဲ့ မပြီး ပါဘူး အဘယ်ကြောင့်ဆိုသော် လုပ်ဆာင်မှုရှိမှပဲ လုပ်ငန်း အောင်မြင်နိုင်မှာပါ ။ ထို့ကြောင့် Plan ဆွဲရာတွင် ဘယ်အချိန် ဘာလုပ်မယ် အတိအကျ ရေးထားရန် လိုအပ်ပြီး ဘယ်အချိန် ကို ဘယ်အတိုင်းအတာထိရောက်အောင်သွားမှာလည်းဆိုသည့်အချက်များကို ထည့်သွင်းရေးဆွဲ ထားရပါမည်။ထိုမှသာ မိမိ တို့ လုပ်ဆာင်သည့် အတိုင်း အောင်မြင်အောင် ဆောင်ရွက် နိုင်မှာပဲဖြစ်ပါတယ်။

(၇) Control…
Control လုပ်ရာတွင် မိမိ staff , Plan များအား ထိန်ချုပ်ဆောင်ရွက် ထားခြင်းဖြစ်ပါတယ် ။ ထိုပြင် Internal Control and Externals Control အနေနဲ့ နှစ်ပိုင်း ခွဲခြားထားပါသည်။ ထိုControl ပိုင်းသည်လည်း လုပ်ငန်း တစ်ခုတွင် အလွန်အရေးကြီးကြောင်းကိုသိရှိထားရမည်။ မိမိတို့Plan စပြီးလျင် မိမိသည် အထက်လူကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီး report နှင့် result များအား သေချာစောင့်ကြည့် ပြီး လိုအပ်သော နေရာများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။..

 

Credit to original owner

 

Myanmar Advertising Directory

Read times
Rate this item
(1 Vote)