-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်စိတ်ဓာတ်ကို ကြံခိုင်စေမယ့် အချိန် ၁၀ မိနစ်!

သင့်စိတ်ဓာတ်ကို ကြံခိုင်စေမယ့် အချိန် ၁၀ မိနစ်! google.com

တစ်နေ့တာရဲ့ ၁၀ မိနစ်အတွင်းမှာ သင့်စိတ်ဓာတ်ကို ကြံ့ခိုင်အောင်လုပ်လို့ရတယ်ဆိုပါတယ်။ သင်ယုံနိုင်ပါ့မလား ??? အဲ့ဒါကတကယ်ပါ။

အမှန်တကယ် သုတေသနတွေ့ရှိချက်တွေအရ ၁၀ မိနစ်လောက်တစ်နေ့မှာ အချိန်ပေးရုံနှင့် သင့် စိတ်ဓာတ်ကို ကြံ့ခိုင်အောင်လုပ်လို့ရပါတယ်။

၁၀ မိနစ်ဆိုတာ အရမ်းတိုတောင်းတဲ့အချိန်ပါ။

အဲတိုတောင်းလှတဲ့ ၁၀ မိနစ်အချိန်ကို ဘ၀အတွက် ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲဆိုတာကို ယနေ့ Myanmar Advertising Directory မှ တင်ပြပေးလိုက်ပါတယ်။

 

နည်းလမ်း (၁) စာဖတ်ခြင်း

စာဖတ်တဲ့ဟာမှာ အရမ်းရှည်လွန်းတဲ့စာတွေ ၀တ္ထုတွေကို ဖတ်ခိုင်းတာမဟုတ်ပါဘူး။

တကယ်ဖတ်ရမယ့် ဟာတွေကတော့ တိုတိုတောင်းတောင်းနှင့် စိတ်ခွန်အားတတ်စေမယ့် စာစုတွေဖြစ်ပါတယ်။

Life Quotes တွေကို အလုပ်မလုပ်ခင် (သို့) တစ်နေ့တာမစခင် ၁၀ မိနစ်လောက်အချိန်ပေးပြီး ဖတ်ရှုခြင်းက သင့်ကို ဘ၀ခွန်အားတိုးတက်စေမှာဖြစ်ပါတယ်။

 

နည်းလမ်း (၂) စာရေးခြင်း

ဒိုင်ယာရီရေးခြင်းအကျင့်က သင့်ကို ရင့်ကျက်စေတယ်ဆိုတာအမှန်ပဲဖြစ်ပါတယ်။

လူတွေအများစုက တစ်နေ့တာအတွင်း အမှားမျိုးစုံပြုလုပ်တတ်ကြပါတယ်။ သို့ပေမယ့်လည်း တစ်ခါတစ်ရံမှာ ထိုအမှားတွေကို မမှတ်မိဘဲ ထပ်မံပြုလုပ်တတ်ပါတယ်။

အကယ်၍ သင်ဟာ တစ်နေ့တာ ဖြစ်ပျက်တာကို ဒိုင်ယာရီထဲမှာ ချရေးပြီး ပြန်လည်သုံးသပ်တတ်တဲ့အကျင့်ကို မွေးပြီး နေ့တစ်နေ့အဆုံးမှာ ၁၀ မိနစ်အချိန်ပေးသုံးသပ်ခြင်းက သင့်ကို ပိုမိုကြံ့ခိုင်ရရှိစေမှာဖြစ်ပါတယ်။

 

နည်းလမ်း (၃) တရားထိုင်ခြင်း

စိတ်တည်ငြိမ်စွာနေထိုင်ခြင်းက အောင်မြင်မှုရဲ့လမ်းစပဲဖြစ်ပါတယ်။

ထိုအောင်မြင်မှုရဲ့လမ်းစကို တရားထိုင်ခြင်းဖြင့် အစဖော်၍ရပါတယ်။

တစ်နေ့တာတွင် ၁၀ မိနစ်ခန့် တရားထိုင်ကာ စိတ်တည်ငြိမ်မှုရယူခြင်းက သင့်ကို စိတ်ဓာတ်ပိုမိုကြံ့ခိုင်စေပြီး အောင်မြင်မှုလမ်းကြောင်းကို အစချီလျှောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

Recommended for you-သင့်အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် တစ်နာရီ

Source: Inc. Southeast Asia

Myanmar Advertising Directory

Read times
Rate this item
(4 votes)