-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆိုရှယ်မီဒီယာပေါ်မှာ ဒီလိုနည်းလမ်းတွေနဲ့ပိုက်ဆံရှာကြမယ်

မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ဖေ့ဘွတ်ခ်ပါ်မှာ အသုံးပြုသူသန်း (၂၀)နီးပါးခန့်ရှိတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံလူဦးရေ (၃)ပုံ (၁)ပုံခန်က ဖေ့ဘွတ်ခ်ကိုအသုံးပြုနေတယ်လို့ ပြောလို့ရပါတယ်။အသုံးပြုသူများပြားလှတဲ့ ဖေ့ဘွတ်ခ်ကို အပျော်သက်သက်အသုံးပြုရုံတင်မကဘဲ ဖေ့ဘွတ်ခ်ပေါ်မှပိုက်ဆံရှာနည်း(၅)နည်းကို ရေးသားဖော်ပြလိုက်ပါတယ်။

(၁) Freelance Facebook Manager

----------------------

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဖေ့ဘွတ်ခ်ပေါ်ကိုတက်ဖို့ လိုအပ်လာချိန်မှာ ဖေ့ဘွတ်ခ်ကိုကျွမ်းကျင်စွာအသုံးပြုတတ်သူရဲ့ အကူအညီလိုအပ်လာမှာဖြစ်ပါတယ်။ ဖေ့ဘွတ်ခ် Manager တစ်ယောက်အနေနဲ့ လုပ်ငန်းရှင်ကို ကူညီပြီး Page ထောင်ခြင်းမှ စတင်ပြီး Boost လုပ်ခြင်း၊ ဈေးရောင်းခြင်း၊ အရောင်းစာရေးတတ်ခြင်း စတဲ့ ဝန်ဆောင်မှုများပေးအပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်။

 

(၂) Online အော်ဒါကောက်

-----------------------

Online မှ ပစ္စည်းများကို အော်ဒါကောက်ပြီး ပြန်လည်ရောင်းချပေးခြင်းဖြင့် ရောင်းချသောပစ္စည်းတန်ဖိုးအလိုက် ကော်မရှင်ရရှိမှာဖြစ်ပါတယ်။ ဖေ့ဘွတ်ခ် Group များတွင် ပို့စ်များဝင်တင်ခြင်း၊ Account တွင်ပို့စ်တင်ခြင်း၊ စိတ်ဝင်စားသူများကို သွက်လက်စွာပြောဆိုရောင်းချတတ်ခြင်း စတဲ့အရည်အချင်းများလိုအပ်ပါတယ်။

 

(၃) Online Shop

----------------------

Alibaba ကဲ့သို့သော တရုတ်နိုင်ငံမှ လက်ကားအရောင်းဆိုင်များမှ လက်ကားပစ္စည်းများမှာယူပြီး ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ်ရှာဖွေနိုင်ပါတယ်။ ယခင်က တော်တော်လုပ်ခဲ့ကြပြီး ယခုအခါနည်းပါးသွားပေမယ့် သေချာစွာလုပ်နိုင်ရင် အကျိုးအမြတ်ကောင်းစွာရတဲ့အလုပ်ဖြစ်ပါတယ်။

 

(၄) Video Creator

-----------------------

မိမိကျွမ်းကျင်သော အပိုင်းများကို Video များဖြင့် ရိုက်ကူးပြီး ပြန်လည်မျှဝေခြင်းဖြင့် ပိုက်ဆံရှာနိုင်ပါတယ်။ ကြော်ငြာများလက်ခံခြင်း၊ အခြားသူတို့၏ ကုန်ပစ္စည်းများအကြောင်း ပြောပေးခြင်း၊ ဖေ့ဘွတ်ခ်မှ ထည့်သွင်းသော ကြော်ငြာများမှဝင်ငွေရခြင်း စတဲ့နည်းအမျိုးမျိုး ရှိပါတယ်။

 

(၅) Live လွှင့်ပေးသူ

-----------------------

Live လွှင့်ပေးပြီး အခြားသူရဲ့ကုန်ပစ္စည်း သို့မဟုတ် မိမိထုတ်ကုန်ကို ရောင်းချနိုင်ပါတယ်။ Live အတွင်းဝယ်ယူပါက လျှော့ဈေးပေးခြင်း၊ လေလံပစ်နိုင်ခြင်း၊ ကြည့်ရှုသူများခြင်း စတဲ့ အကျိုးကျေးဇူးတွေရနိုင်ပြီး ရောင်းအားမြှင့်တင်နိုင်ပါတယ်။

 

ဒါလေးတွေကတော့ လတ်တလော အလွယ်တကူလုပ်လို့ရတဲ့ ဖေ့ဘွတ်ခ်မှပိုက်ဆံရှာနည်းများပဲဖြစ်ပါတယ်။

 

Myanmar Advertising Guide 

Read times
Rate this item
(2 votes)