-->
×

Warning

JUser: :_load: Unable to load user with ID: 29


နှစ်သစ်ကူးရာသီအတွင်း အသေးစားစီးပွားရေးလုပ်ငန်းအတွက် ရောင်းအားတိုးမြှင့်ရေးလမ်းညွှန်

COVID-19 အကျပ်အတည်းကာလအတွင်း အလုပ်များသော အားလပ်ရက်ရာသီအတွက် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြင်ဆင်သင့်သည့် နည်းဗျူဟာ ၅ ခု ကို ဖော်ပြပေးထားပါသည်။ နှစ်သစ်ကူးရာသီ နီးကပ်လာခြင်းနှင့်အတူ အသေးစား စီးပွားရေး လုပ်ငန်းများသည်လည်း နှစ်တစ်နှစ်၏ အကြီးမားဆုံး စျေးဝယ်ရာသီအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

သို့သော် ယခုနှစ်သည် ယခင်နှစ်များကဲ့သို့ ပုံမှန်အခြေအနေ မဟုတ်ချေ။ ကူးစက်ရောဂါကြီးကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဈေးဝယ်ယူသည့် ပုံစံ ပြောင်းလဲခဲ့ပြီး အထူးသဖြင့် e-commerce နှင့် Contactless ငွေပေးချေမှုများကို သိသိသာသာအသုံးပြု ခဲ့ကြကြောင်း တွေ့ရသည်။ ထိုအချက်ကို ယခုစျေးဝယ်ရာသီတွင် ဝယ်ယူသူများဆီ ထိုးဖောက်ရန် ကြိုးစားနေကြသည့် အသေးစား စီးပွားရေး လုပ်ငန်းများသည်လည်း သတိပြုမိကြသည်။

 

Visa မှ "Back to Business Study, Holiday Edition" စစ်တမ်းကောက်ယူခဲ့ရာတွင် ပါဝင်ဖြေကြားသူ ၈၈ ရာခိုင်နှုန်းသည် ကူးစက်ရောဂါဖြစ်ပွားနေသော ကာလဖြစ်သော်လည်း လက်ဆောင်ပစ္စည်းများ ဝယ်ယူရန်နှင့် လက်ဆောင်ပေးရန် စီစဉ် နေကြဆဲဖြစ်သည်ဟု ဖြေဆိုခဲ့ကြသောကြောင့် သုံးစွဲသူများအနေနဲ့ နှစ်ကုန် အားလပ်ရက် ကာလအတွက် ဈေးဝယ်ရန် အဆင်သင့် ဖြစ်နေကြောင်း တွေ့ရှိရသည်။ အသေးစား စီးပွားရေးလုပ်ငန်းအများစု (၆၀ ရာခိုင်နှုန်း) သည်လည်း ၎င်းတို့၏ လုပ်ငန်းအတွက် အခြေခံ လိုအပ်ချက်များ ပြောင်းလဲခြင်း၊ ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်းနှင့် အလုပ်ချိန်နာရီ တိုးမြှင့်ခြင်း စသဖြင့် အကြီးဆုံး စျေးဝယ်ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဟု ဖြေဆိုကြခဲ့သည်။ Visa ၏ လေ့လာတွေ့ရှိချက်အရ COVID-19 ကြောင့် အောက်ဖော်ပြပါ အချက် ၅ ချက်သည် အရှိန်အဟုန်ဖြင့် တိုးတတ် လာသည်။ အသေးစား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဤတွေ့ရှိချက်များကို ကိုးကား၍ ဒစ်ဂျစ်တယ်စနစ်ကို သေချာ အသုံးပြုခြင်းဖြင့် ဝယ်ယူသူ အသစ်များထံသို့ ပိုမိုလက်လှမ်းနိုင်မည်ဖြစ်သည်။

၁။ E-commerce "In Real Life" COVID-19 ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသွားအလာ ကန့်သတ် လိုက်ခြင်းက သမားရိုးကျ e-commerce လုပ်ငန်းများကို တဟုန်ထိုး မြှင့်တက်စေခဲ့ရုံသာမက (Click and Collect ဟူသော ကြိုတင်မှာယူထားပြီး ပစ္စည်းများကို ဆိုင်အတွင်းသို့ ဝင်ရန် မလိုဘဲ ကားပေါ်မှပင် ရယူနိုင်ခြင်း) ပုံစံကိုပါ မြှင့်တက်စေခဲ့သည့် အတွက် အွန်လိုင်း၊ မိုဘိုင်းနှင့် လူကိုယ်တိုင်ဝယ်ယူမှုများကြား မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ သည်။ Visa Back to Business Holiday လေ့လာမှုအရ COVID-19 အတွင်း e-commerce ကို ပိုမိုအသုံးပြုခဲ့ကြသော စျေးဝယ်သူ ၅၉ ရာခိုင်နှုန်းက အားလပ်ရက်အတွက် စျေးဝယ်တဲ့အခါလည်း အွန်လိုင်းမှ တစ်ဆင့် ဆက်လက်ဝယ်ယူကြမည်ဟု ဖြေကြားထားသော်လည်း စျေးဝယ်သူအများစုအနေဖြင့် လူကိုယ်တိုင် ဝယ်ယူလိုကြသေးကြောင်း တွေ့ရှိရသည်။ ဤပြောင်းလဲမှုကို လုပ်ငန်းရှင်ကြီးများ သာမက ဘားများ၊ စားသောက်ဆိုင်များနှင့် လုပ်ငန်း ငယ်များ အားလုံး လျင်မြန်စွာ လက်ခံခဲ့ကြသည်။ သို့သော် စျေးဝယ်သူများ၏ ထက်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း) သည် ၎င်းတို့၏ စျေးဝယ်ခြင်း အများစုကို လူကိုယ်တိုင်ပြုလုပ်ရန် စီစဉ်နေဆဲဖြစ်သည်။ Visa မှလည်း ဤ အွန်လိုင်းမှစျေးဝယ်ခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ ဈေးဝယ်ခြင်းအကြား ရွေးချယ်မှုများ ဆက်လက်ရှိနေမည်ဟု အခိုင်အမာယုံကြည်ပြီး အွန်လိုင်းတွင် တည်ရှိနေခြင်း သာမက ပုံစံအမျိုးမျိုးဖြင့် စျေးဝယ်နိုင်စေမည့် (Omnichannel) စနစ်တစ်ခုကို တည်ဆောက်ရန်လည်း ယခင်ကထက် ပို၍အရေးကြီးကြောင်း လက်ခံထားသည်။

 

၂။ ခေတ်စားလာသည့် လူမှုကွန်ရက် ရောင်းဝယ်မှုများ လူမှုကွန်ရက် ရောင်းဝယ်မှုများနှင့် WeChat ကဲ့သို့သော အသေးစား အက်ပလီကေးရှင်းများသည် အာရှစျေးကွက်များတွင် နေရာယူနေပြီး အနောက်ပိုင်းနိုင်ငံ များသို့လည်း အလျင်အမြန် ထိုးဖောက်ဝင်ရောက်နေသည်။ ၎င်းတို့သည် လူမှုကွန်ယက် ဆက်သွယ်ပြောဆိုမှုများ ကို အဆင်ပြေချောမွေ့ စေသည့်အပြင် စျေးဝယ်လို့ရအောင်လည်း ချိတ်ဆက်ပေးသည့်အတွက် သုံးစွဲသူများအနေဖြင့် အက်ပလီကေးရှင်းသုံးရင်း တစ်ပြိုင်နက် ပစ္စည်းများ ဝယ်ယူနိုင်မည်ဖြစ်သည်။ ခန့်မှန်းချက်များအရ ယခုအားလပ်ရက်ရာသီအတွင်း မိုဘိုင်းဖုန်းမှ တစ်ဆင့် မှာယူမှုများ၏ ၁၀ ရာခိုင်နှုန်းကျော်သည် လူမှုကွန်ရက်များမှ ဖြစ်နိုင်သည်။

 

ဖြေဆိုမှုတွင် Gen Z ၆၆ ရာခိုင်နှုန်းသည် ကူးစက်ရောဂါကာလအတွင်း အဆိုပါ ပုံစံဖြင့် စျေးဝယ်ယူခဲ့ကြကြောင်း တွေ့ရသည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ သို့မဟုတ် "SMBs" လုပ်ငန်းများ၏ လေးပုံတစ်ပုံကျော် (၂၈ ရာခိုင်နှုန်း) သည် စားသုံသူအသစ်များသို့ ရောက်ရှိရန် ဆိုရှယ်မီဒီယာ ကြော်ငြာများ ပြုလုပ်ခဲ့ကြ သည်ဟု Visa Back to Business အစီရင်ခံစာအရ သိရသည်။

၃။ ငွေပေးချေမှုနည်းလမ်းများအနက် Contactless စနစ်က ထူးခြားကွဲထွက်နေ Visa Back to Business လေ့လာမှုတွင် သုံးစွဲသူ ၇၈ ရာခိုင်နှုန်းသည် COVID-19 ကာလအတွင်း ဒစ်ဂျစ်တယ် ကူးသန်းရောင်းဝယ်ရေးနှင့် Contactless ငွေပေးချေမှုများ ကဲ့သို့သော နည်းပညာများကို ပိုလုံခြုံစိတ်ချရစေရန် ပြောင်းလဲအသုံးပြုခဲ့ကြောင်း ဖြေကြားထားသည်။ ငွေပေးချေရန် အဆင်ပြေမှု၊ လျင်မြန်မှုနှင့် လုံခြုံမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် သမားရိုးကျ နည်းလမ်းများထက် Contactless ငွေပေးချေမှုကို ပို၍လူကြိုက်များကာ အသုံးပြုလာကြပြီဖြစ်သည်။ ထို့ကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေး (SMBs) လုပ်ငန်းများသည်လည်း အသုံးပြုရလွယ်ကူသော ဝယ်ယူမှုနှင့် ငွေပေးချေမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန် အလေးထား ဆောင်ရွက်သင့်သည်။ ကမ္ဘာတစ်ဝှမ်းလုံးမှ စျေးဝယ်သူများ၏ သုံးပုံနှစ်ပုံနီးပါးသည် Contactless နည်းလမ်းများဖြင့် ငွေပေးချေနိုင်သည့် စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုများကို ပြောင်းလဲအသုံးပြုသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။

 

၄။ Gift Card များနှင့် Kits များကို လူကြိုက်များလာ Back to Business Holiday Study အရ စျေးဝယ်သူများသည် Digital Gift Card များကို အရင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၃၂ ရာခိုင်နှုန်း ပိုမိုလက်ဆောင်ပေးနိုင်ခြေရှိပြီး လက်မှတ်များ၊ လှုပ်ရှားမှုများနှင့် ခရီးသွားခြင်းများ ကဲ့သို့သော အတွေ့အကြုံများအတွက် ၁၉ ရာခိုင်နှုန်းနှင့် ဒစ်ဂျစ်တယ် ဖျော်ဖြေရေးများ အတွက် ၁၈ ရာခိုင်နှုန်း ပိုမိုပေးနိုင်ခြေ အသီးသီးရှိကြသည်။ လုပ်ငန်းချဲ့ထွင်ရန် စိတ်ကူးရှိသော လက်လီရောင်းချသူများသည် ကန့်သတ်ချက်များ ပိုမိုများလာမည့် ဆောင်းရာသီအတွက် ပိုမို ကောင်းမွန်စွာ ပြင်ဆင်နိုင်မည့် အခွင့်အရေးရမည်ဖြစ်သည်။ ၅။ လုံခြုံရေးကို သေချာဂရုစိုက်ဖို့ လိုအပ်သည် ကပ်ရောဂါမတိုင်ခင်က စီပွားရေးလုပ်ငန်းကြီးများနှင့် အဖွဲ့အစည်းကြီးများ ထံမှသာ မသမာသူများ လိမ်လည်ခိုးယူရန် ကြိုးစားနိုင်သည်ဟု လွယ်လွယ်ကူကူ ယူဆခဲ့ကြသည်။ တကယ်ကမူ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းအများစုသည် လုံခြုံစွာ ကာကွယ်ထားခြင်း မရှိကြောင်းကို မသမာသူများ သိရှိသွားကြပြီး Card Testing ကဲ့သို့သော ငွေကြေးလိမ်လည်မှုများအတွက် ပစ်မှတ်ထားလာကြသည်။ စီးပွားရေး လုပ်ငန်းများ အနေဖြင့် COVID-19 က ယူဆောင်လာသော အပြောင်းအလဲများအကြား ငွေကြေးဆိုင်ရာ ပြသာနာများကို ကိုင်တွယ် ဖြေရှင်းပုံကို ပြန်လည် ဆန်းစစ်ရန်လိုအပ်လာသည်။ လက်လီရောင်းချသူများအနေဖြင့် အထူးသဖြင့် Online မှဝယ်ယူမှုများ များပြားလာနိုင်သည့် အားလပ်ရက်ရာသီရောင်းချမှုများတွင် စျေးဝယ်သူများကို ချောမွေ့သော ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ငွေကြေးလိမ်လည်မှုကို ဖြေရှင်းရန် မဟာဗျူဟာကိုလည်း ပြင်ဆင်ထားသင့်သည်။ စီးပွားရေးလုပ်ငန်းများအတွက် အလုပ် ဖြစ်နိုင်သော ဖြေရှင်းချက်တစ်ခုမှာ အသုံးပြုရလွယ်ကူသော ငွေကြေးလိမ်လည်မှုဖမ်းသည့်ကိရိယာများကို အသုံးပြုခြင်းပင် ဖြစ်သည်။

 

ငွေပေးချေ၍မရခြင်းများ (Decline) နှင့် ငွေကြေးလိမ်လည်ခိုးယူမှုများ (Fraudulent Transaction) ကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်လုပ်ရန်နှင့် Authorization Rate အား တိုးမြှင့်ပုံကို နားလည်ရန် ငွေပေးချေ ဝန်ဆောင်မှု လုပ်ငန်းများနှင့်အတူ လုပ်ဆောင်သင့်သည်။ တစ်ကမ္ဘာလုံးမှ အလုပ်အကိုင်ရှိသူဦးရေ တစ်ဝက်ခန့်မှာ အသေးစား စီးပွားရေးလုပ်ငန်းများဖြစ်သည်။ COVID-19 သည် အသေးစား စီးပွားရေးလုပ်ငန်း စွန့်ဦးတီထွင်သူများ၏ ခံနိုင်ရည်ရှိမှုကို သက်သေပြသွားသကဲ့သို့ ထိခိုက်လွယ်သော အချက်များကိုလည်း ဖော်ပြပေးသွားသည်။ စျေးဝယ်သူများ၏ ဝယ်လိုအားကို တုံ့ပြန်နိုင်ရန် အချိန်နှင့် တစ်ပြေးညီ ဆန်းသစ်၍ လက်တွေ့ကျသော ခြေလှမ်းများ လှမ်းခဲ့ခြင်းက အသေးစား စီးပွားရေးလုပ်ငန်း အများ အပြားကို ရှင်သန်ရပ်တည်နိုင်စေ ခဲ့သည်။ လက်ရှိတွင်လည်း ထိုလုပ်ငန်းရှင် အများစု (၇၅ ရာခိုင်နှုန်း) က အနာဂတ်ကို အကောင်းမြင် ယုံကြည်ကြသည့် အချက်က အဆိုးထဲက အကောင်းဖြစ်ပါသည်။

 

Salesforce blog: How COVID-19 will shape the 2020 holiday season (2020) Visa အကြောင်း Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင် လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့ကာ လူတိုင်းနေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန် မလိုအပ် တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ် စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။

Read times
Rate this item
(0 votes)