-->
×

Warning

JUser: :_load: Unable to load user with ID: 29


နောက်ရက်(၃၀)ကို ဘယ်လိုပြောင်းလဲမှုတွေနဲ့ စိန်ခေါ်ရင်ကောင်းမလဲ ?

နောက်ရက်(၃၀)ကို ဘယ်လိုပြောင်းလဲမှုတွေနဲ့ စိန်ခေါ်ရင်ကောင်းမလဲ ? google.com

စက္ကန့် ---> မိနစ် ---> နာရီ ---> နေ့ရက်

တရက်ပြီး တရက် ကုန်ဆုံးသွားကြပြီ။

ဒီနေ့ ၂၄နာရီမှာ သင်ဘာတွေလုပ်မယ် စိတ်ကူးထားလဲ ?

မနေ့က ၂၄နာရီကိုကော သင်ဘယ်လိုဖြတ်သန်းခဲ့သလဲ ?

တချို့က အကျိုးရှိရှိ အသုံးချခဲ့ကြလိမ့်မယ်...

တချို့က လွယ်လွယ်လေး ကုန်ဆုံးခဲ့ကြလိမ့်မယ်...

တစ်ဦးနဲ့တစ်ဦးတော့ အသုံးချခဲ့ပုံခြင်း ဘယ်တူလိမ့်မလဲဗျာ။

ကျွန်တော်တို့ ပျော်ရွှင်နေလဲ နေ့ရက်တွေကခရီးဆက်နေမှာပဲ။

ကျွန်တော်တို့ပျင်းရိနေလဲ နေ့ရက်တွေက ခရီးဆက်နေမှာပဲ။

ကျွန်တော်တို့ကလည်း ဖြတ်သန်းနေကြရမှာပဲလေ။

ဒါဆို ဒီနေ့ကစ နောက်ရက်(၃၀)ကို ဘယ်လိုပြောင်းလဲမှုတွေနဲ့ စိန်ခေါ်ရင်ကောင်းမလဲ ?

Planလေးတခု ဆွဲကြည့်ကြရအောင်ဗျာ !

ဒီကနေ့မှာ အချိန်ကိုအခိုးယူဆုံး အရာလေးတွေရှိတယ်။

များသောအားဖြင့် လူငယ်တွေစီက ခိုးယူနေကြတယ်။

အဲ့တာက Facebook , Twitter နဲ့ instagram ဆိုတဲ့ အချိန်သူခိုးလေးတွေပါ။

အဲ့ဒါလေးတွေနဲ့ကုန်မယ့်အချိန်လေးတွေကို လျှော့ပြီး စာအုပ်တအုပ်ဖတ်ကြည့်မယ်ဗျာ။

တစ်ပတ်မှာ တစ်အုပ်ပဲပြီးပြီး နှစ်အုပ်ပဲပြီးပြီး။

နောက်တစ်နှစ်လောက်နေတဲ့အခါ စာကြမ်းပိုးလေးတွေ ဖြစ်ချင် ဖြစ်သွားနိုင်တယ်မလား???

မိုးလင်း နေဖင်ထိုးအောင်အိပ်တတ်တဲ့ အိပ်ပုတ်စိန်လေးတွေကလည်း

မနက်ကို တစ်နာရီစောစောလေးထပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ကြမယ်ဗျာ။

လအတော်အတန်ကြာတဲ့အခါ ကိုယ်ဟာ Perfectဖြစ်နေတဲ့ bodyနဲ့ Model တဦး ဖြစ်ချင်ဖြစ်သွားမှာ ပြောလို့ရမလား???

တနှစ်လုံးနေမှ ကိုယ့်ရဲ့အမှတ်တရအကြောင်းအရာလေးတွေ မှတ်စုမရေးဖြစ်တဲ့သူလေးတွေကလည်း ညအိပ်ခါနီးတိုင်း စာလုံးအလုံး၂၀/၃၀ ဝန်းကျင်လောက် မှတ်စုလေးရေးကြည့်ကြမယ်ဗျာ။

ကျင့်သားရတဲ့အခါကျ မရေးရရင်မနေနိုင်တော့ပါဘူးဆိုပြီး စာရေးဆရာကြီးတွေလည်း ဖြစ်ချင်ဖြစ်သွားမှာ...

ကျွန်တော်ပြောခဲ့တာလေးတွေက မခက်ပါဘူး အသေးစားလေးတွေပါ။

လုပ်နိုင်မယ်လို့ ကျွန်တော်ယုံတယ်။

အဲ့ဒါတွေထက် ပိုလုပ်ချင်တယ်ဆို ပိုကောင်းတာပေါ့ဗျာ...

ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီးပြောင်းလဲကြည့်ပါ။

နောက်ရက်(၃၀)အကြာမှာ ကိုယ်ဟာ ဘယ်လောက်တောင်ပြောင်းလဲသွားလဲ?ဆိုတာ စောင့်ကြည့်ရအောင်ဗျာ။

Recommended for you-သင့်ရည်မှန်းချက်တွေ လမ်းမပျောက်ချင်ရင် ဒါတွေလုပ်ပါ!

Credit; PHZ(futurewave)

Read times
Rate this item
(2 votes)