-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကတ်တင်းသမားများ Teamwork ကောင်းဖို့လုပ်ဆောင်သင့်တဲ့အချက်များ

အခုနောက်ပိုင်း Teamwork ဆိုတဲ့စကားကိုတော်တော်များများအသုံးပြုလာကြတာသတိ ထားမိမယ်ထင်ပါတယ်။တကယ်လည်းကမ္ကာတစ်ဝှမ်းကအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်း တွေ ကုပ္မဏီကြီးတွေမှာ Teamwork ကောင်းကောင်းနဲ့လုပ်ဆောင်ပြီး အောင်မြင်မှုအကျိုးရလဒ်ကိုမျှဝေခံစားနေကြတာဖြစ်ပါတယ်။

 

မြန်မာစကားပုံမှာလည်း “ပြိုင်တူတွန်းရင်ရွေ့နိုင်ပါသည်” ဆိုသလိုပေါ့။တစ်ယောက်တည်းအားထက်အများရဲ့ အားနဲ့ဝိုင်းဝန်းလုပ်ဆောင်ခြင်းက အချိန်ကုန်သက်သာစေမယ် လူပင်ပန်းတာသက်သာစေမယ် ရလဒ်ကောင်းပိုင်ဆိုင်ရမယ့် စတဲ့ကောင်းကျိုးတွေများစွာဖြစ်ပေါ်စေပါတယ်။ဒါဆိုရင် Teamwork ကောင်းဖို့တွေလုပ်ဆောင်သင့်လဲဆိုတာ တစ်ချက်လေ့လာကြည့်လိုက်ပါအုန်း။

 

(၁) ဂရုတစိုက်နားထောင်ပေးပါ

=====================

တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါတစ်ဖက်လူရဲ့စကားကိုသေချာဂရုတစိုက်နားထောင်းပေးပါ။အာရုံမရတာမျိုး ဖုန်းသုံးနေတာမျိုး အဝေးကိုငေးတာမျိုးတွေကတစ်ဖက်လူကို မလေးစားရာရောက်တာကြောင့် လုံးဝရှောင်ကျဉ်သင့်တဲ့အချက်တွေပါ။Teamwork ကောင်းကောင်းရချင်ရင် စကားပြောတဲ့အခါတစ်ဖက်လူရဲ့မျက်လုံးကိုကြည့်ပြီး ပြောသင့်သလိုတစ်ဖက်လူပြောတဲ့စကားကိုလည်း အာရုံစူးစိုက်မှုအပြည့်နဲ့ နားထောင်းပေးရပါမယ်။

 

(၂) လေးစားမှုရှိပါ

============

Teamwork တည်ဆောက်ပြီဆိုရင် ရာထူးဂုဏ်တွေ စည်းစိမ်ချမ်းသာတွေကိုခဏလောက် မေ့ထားပါ။ဒီအချိန်မှာလူလူချင်း လေးစားမှုကိုသာတန်ဖိုးထားသင့်ပါတယ်။ငါကဘယ်လိုလောက်ချမ်းသာတာ ဘယ်လိုရာထူးတွေရှိတာဆိုတာကိုမေ့ထားပြီး ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်သားတည်းကျနေဖို့ကအရေးကြီးပါတယ်။ဒါကြောင့်တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေးစားမှုရှိပါ။

 

(၃) ကွဲပြားမှုတွေကိုကြိုဆိုပါ

===================

မတူညီတဲ့မိသားစုတွေကဆင်းသက်လာတဲ့သူတွေအဖို့ သဘောထားကွဲလွဲမှုတွေရှိတာမဆန်းပါဘူး။ဒါပေမယ့်ဒီလိုမတူညီတဲ့ကွဲပြားမှုတွေမှာပဋိပက္ခဖြစ်နေလို့တော့မရပါဘူး။မတူညီတဲ့အကြံဉာဏ်တွေ မတူညီတဲ့အတွေးအခေါ်တွေကို ကြိုဆိုပေးရပါမယ်။ဒါမှလည်းမတူညီတွေအားလုံးကိုပေါင်းစပ်ပြီးမှ အကောင်းဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုချနိုင်မှာဖြစ်ပါတယ် ။တစ်ယောက်ကလည်းဒီအကြံ နောက်တစ်ယောက်လည်း ဒီအကြံဆိုရင်တော့ဘားမှထူးခြားမှုရှိမှာမဟုတ်တဲ့အတွက် အကျိုးရလဒ်ကလည်းသိပ်ပြီးထူးခြားနေမှာမဟုတ်ပါဘူး။

 

(၄) အသိမှတ်ပြုပါ

=============

တစ်စုံတစ်ယောက်ရဲ့ အတွေးအခေါ်တွေ အကြံပေးမှုတွေ လုပ်ဆောင်ချက်တွေကကိုယ့်အဖွဲ့အစည်းပေါ်ကောင်းတယ် ထိရောက်မှုရှိတယ်ဆိုရင် လှိုက်လှိုက်လဲှလဲှ အသိမှတ်ပြုပါ ချီးကျူးပါ။ဒီလိုအသိမှတ်ပြုခြင်းက လူတစ်ယောက်အတွက်နောက်ထပ်ဖန်တီးမှုတွေ အတွေးအခေါ်ကောင်းတွေရရှိဖို့တွန်းအားအများကြီးဖြစ်စေပါတယ်။ဒါ့အပြင်တစ်ယောက်နဲ့တစ်ယောက်ကြားရင်းနှီးမှုလည်းတိုးစေတာကြောင့် လက်ခုတ်တီးပေးဖို့ဝမ်မလေးပါနဲ့။

 

(၅) အပြန်အလှန်ကူညီပါ

=================

တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီဖို့ကိုလည်းမေ့မထားသင့်ပါဘူး။တစ်ယောက်အကူညီလိုရင်တစ်ယောက်က ကူညီပေးဖို့အဆင်သင့်ရှိနေသင့်ပါတယ်။စိတ်ဓာတ်ကျနေရင် ဆွဲခေါ်ပါ။အဆင်မပြေတဲ့သူကိုလက်တွဲပါ။ဝမ်းနည်းနေသူကို နှစ်သိမ့်ပေးပါ။ဒါမှလည်းတစ်ယောက်နဲ့တစ်ယောက်အပြန်လှန်အမှတ်ရနေပြီး စည်းလုံးမှုကိုပိုဖြစ်စေမှာဖြစ်ပါတယ်။

 

(၆) မျှဝေခံစားပါ

============

အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွှက်လို့ရရှိလာတဲ့အကျိုးမြတ် ကိုညီတူညီမျှ ဝေမျှခံစားပါ။ဘယ်သူကပိုတယ်ဘယ်သူကလိုတယ်ဆိုတာမတွက်ပါနဲ့။Teamwork ကစည်းလုံးညီညွှတ်ခြင်းကိုကိုယ်စားပြုတဲ့အတွက် သာတယ်နာတယ်တွက်လို့မရပါဘူး။အတူတကွတန်းတူညီမျှ ခံစားခွင့်ရှိမှာလည်း ရေရှည်လက်တွဲလို့ရမယ့်ရဲဘော်ရဲဖက်တွေဖြစ်လာမှာဖြစ်ပါတယ်။

 

Kwee

Read times
Rate this item
(3 votes)