-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူရှေ့စကားပြောသော influencer များ လိုက်နာရမည့်အချက်များ

လူအများစုဟာ စင်ပေါ်တက်ပြီး စကားပြောရမှာ ကြောက်တဲ့စိတ်ရှိပါတယ်။ ပင်ကိုယ်က အရည်အချင်းရှိပြီး အကျိုးအကြောင်းသင့် စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့သူတောင် စင်ပေါ်ရောက်ရင် တလွဲတချော်တွေ ပြောမိဆိုမိတတ်ကြပါတယ်။ဒီလို ဖြစ်တာကို စင်ကြောက်ခြင်းလို့ ပြောကြပါတယ်။

အခုစာဖတ်သူဟာ စင်ကြောက်တဲ့စိတ်ရှိရင် မစိုးရိမ်ပါနဲ့။ ဒီစိတ်ကို ဖျောက်ဖျက်ပစ်လို့ရတဲ့ နည်းလမ်းတစ်ချို့ရှိပါတယ်။ ဒီနည်းလမ်းလေးတွေ နေ့စဉ်လုပ်ပေးခြင်းအားဖြင့် လူရှေ့သူရှေ့မှာ စိုးရွံ့မနေဘဲ ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ အစွမ်းအစကို ချပြလို့ရနိုင်မှာ ဖြစ်ပါတယ်။

 

(၁) စိတ်သဘောထား ပြောင်းထားပါ

-----------------------

လူကို စိတ်က ပြုပြင်ပါတယ်။ စိတ်ကို နှလုံးသွင်းမှုက လွှမ်းမိုးပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ လုပ်‌တော့မယ်ဆိုရင် အရင်ဆုံး သဘောထားကို ပြောင်းလဲဖို့ လိုပါတယ်။ စင်ကြောက်တယ်ဆိုရင် စင်ကြောက်တဲ့ စိတ်ကို ရင်ဆိုင်ဖို့ ကိုယ့်စိတ်ကို အရင်ပြောင်းရမှာပါ။

စင်ပေါ်တက်ပြီး ကိုယ့်အမြင်နဲ့ အတွေးအခေါ်တွေ ပြောဟောခြင်းအားဖြင့် ရလာမယ့် အကျိုးကျေးဇူးတွေကို မြင်ယောင်ကြည့်ပါ။ လူအုပ်ထဲက ခွဲထွက်ပြီး ထူးခြားတဲ့အရာတွေ ချပြခြင်းအားဖြင့် မမျှော်လင့်အောင် များပြားတဲ့ အခွင့်အလမ်းတွေ ရလာမယ်ဆိုပြီး နှလုံးသွင်းကြည့်ပါ။

 

(၂) လေ့ကျင့်ခန်း ဆင်းနေပါ

-------------------

တကယ်စင်ပေါ် မတက်ခင်မှာ ကြိုပြီး လေ့ကျင့်မှုတွေ အများကြီး လုပ်ထားဖို့ လိုပါတယ်။ ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုတဲ့အတိုင်း စင်ပေါ်တက် စကားပြောတဲ့ ပညာရပ်အကြောင်းကို ဖတ်ရှု လေ့လာမှုတွေ လုပ်ရသလို Debate လို စကားဝိုင်းတွေမှာလည်း မကြာခဏ ဝင်နွှဲသင့်ပါတယ်။ အခွင့်အရေးရလာရင်လည်း စင်ပေါ်တက် ပြောရဲပါစေ။

 

(၃) ဗဟုသုတတွေ ဆည်းပူးနေပါ

-------------------

ဘယ်လောက်ပဲ စကားပြောရဲတဲ့ သတ္တိရှိရှိ ခေါင်းထဲမှာ အသိပညာနဲ့ ဗဟုသုတတွေ မရှိရင်လည်း စင်ပေါ်မှာ ဘာစကားမှ ထိထိရောက်ရောက် ပြောစရာ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် စာတွေဖတ်ထားပါ။ အသိပညာတွေ လေ့လာထားပါ။ အတွေ့အကြုံတွေကနေ သင်ခန်းစာယူထားပါ။ ဒါတွေကိုလည်း ပြန်အသုံးချတတ်ပါစေ။ ဒါဆိုရင်တော့ လူရှေ့သူရှေ့မှာ ဦးမော့ပြီး စကားဆိုနိုင်တဲ့သူ ဖြစ်လာဖို့ မဝေးတော့ပါဘူး။

 

crd to original uploader 

Read times
Rate this item
(2 votes)