-->
×

Warning

JUser: :_load: Unable to load user with ID: 29


Friday 13th ဆိုတာ ဘယ်လိုနေ့မျိုးလဲ?

Friday 13th ဆိုတာ ဘယ်လိုနေ့မျိုးလဲ? google.com

ဒီနေ့လေးက တိုက်တိုက်ဆိုင်ဆိုင်ပဲ Friday 13th ဖြစ်နေလို့ မင်မင်က Friday 13th နဲ့ ပတ်သတ်တဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်လို့...။

ခုလောက်ဆိုရင် ဘေဘီလေးတို့ Friday 13th ဆိုတာ ဘယ်လိုနေ့မျိုးလဲလို့ သိချင်နေလောက်ရောပေါ့နော်...။

Friday 13th စတင်ဖြစ်လာပုံနဲ့ ပက်သက်ပြီး ဘယ်သူကမှ ရေရေရာရာ မသိကြပါဘူး။

တချို့ကတော့ Friday 13th ဟာ ခရစ်ယာန်ဘာသာဝင်တွေကနေ စတင်ခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။

ယေရှုခရစ်တော်ဟာ သောကြာနေ့မှာ ကားတိုင်ထက်အဆုံးစီရင်မခံခဲ့ရခင်မှာ နောက်ဆုံး ညလယ်စာကို ဧည့်သည် ၁၂ယောက်နဲ့အတူစားခဲ့တာကနေအစပြုပြီးတော့ Friday 13th ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

သမိုင်းပညာရှင် တချို့ကတော့ ၁၉ရာစုနှောင်းပေါင်းလောက်မှ Friday 13th နဲ့ ပက်သက်တဲ့ အယူသည်းမှုတွေ ပေါ်လာခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

ပထမဆုံးသော Friday 13th ကို သောကြာနေ့ ၁၃ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ အီတလီလူမျိုး သီချင်းရေးဆရာ Gioachino Rossini ရဲ့ အတ္ထုပတ္တိမှာ စတင်မှတ်တမ်းတင်ခဲ့ကြပါတယ်။

အဲ့နောက် ၁၉၀၇ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Friday the 13th ဆိုတဲ့စာအုပ်မှာ Friday the 13th နဲ့ ပက်သက်တဲ့ အယူသည်းမှုတွေကို ပိုမို မီးမောင်းထိုးခဲ့ပါတယ်။

Friday 13th နဲ့ပက်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အယူသည်းတဲ့ နိုင်ငံကတော့ ဖင်လန်နိုင်ငံပါ။

Read-လေ့လာချက်များအရ အမျိုးသမီးတွေ သူတို့ဘ၀မှာ နောင်တအရဆုံးဖြစ်ရပ်များ

၁၉၉၅ ခုနှစ်ကတည်းက အစပြုပြီး ဖင်လန်နိုင်ငံမှာ Friday 13th ရောက်တိုင်းအစိုးရနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကပါ ပြည်သူတွေပိုပြီးသတိထားမိအောင် လုံခြုံရေးနဲ့ ယာဉ်အန္တာရယ် သတိပြုမှု နှိုးဆော်ရေးတွေ ဆောင်ရွက်လေ့ရှိပါတယ်။

လူအများစုဟာ ထိုနေ့မှာ အလုပ်သွားဖို့နဲ့ ခရီးသွားလာဖို့ ကြောက်ရွံ့ကြတာမို့ Friday 13th ရောက်တိုင်း ကမ္ဘာ့စီးပွားရေးဟာ ၉၀၀မီလီယမ်ခန့် သိသိသာသာ အရှုံးပေါ်လေ့ရှိတယ်လို့ Donald Dassey က ဆိုခဲ့ပါတယ်။

Friday 13th ကို ကြောက်တဲ့ရောဂါကိုတော့ paraskevidekatriaphobia သို့ friggatriskaidekaphobia လို့ ခေါ်ကြပြီး ဂရိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

မြောက်ကာရိုလိုင်းနားမှာရှိတဲ့ Asheville Institute ရဲ့စစ်တမ်းတွေအရ အမေရိကန်နိုင်ငံသားတွေဟာ Firday 13 နေ့တွေမှာ သူတို့စီးပွားရေးလုပ်ငန်းတွေ၊ လေကြောင်းခရီးသွားလာမှုတွေကို မပြုလုပ်ပဲ ရှောင်တတ်ကြ ပါတယ်။

သို့သော် အံသြစရာတစ်ခုက ၁၃ ဂဏန်းဟာ တေလာဆွစ်ဖ်ရဲ့ ကံကောင်းတဲ့ ဂဏန်းဖြစ်နေပါတယ်။

သူမကို ၁၃ရက်နေ့မှာ မွေးခဲ့ပြီး သောကြာနေ့ ၁၃ရက်မှာ အသက် ၁၃နှစ်ပြည့်ခဲ့ပါတယ်။

သူမရဲ့ ပထမဆုံး အယ်လ်ဘမ်က ၁၃ပါတ်အတွင်း နာမည်ကြီးခဲ့ပြီး ပထမဆုံး သီချင်းရဲ့ intro က ၁၃ စက္ကန့် ကြာတယ် လို့ ၂၀၀၉ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

အီတလီမှာတော့ Fridy 17th ဟာ ကံမကောင်းတဲ့နေ့ဖြစ်ပြီးတော့

ဂရိနိုင်ငံမှာတော့ Tuesday 13th ကို ကံမကောင်းတဲ့အဖြစ် သတ်မှတ်ကြပါတယ်။

စာဖတ်သူတွေရော Friday 13th ကို ယုံကြည်ပါသလား။ Friday 13th နဲ့ ပက်သက်တဲ့ အမှတ်တရတွေ ရှိရင်လည်း ဝေမျှပေးခဲ့ပါအုံးဗျာ။

Recommended for you-သင့်ကိုယ်သင်ဘ၀ကိုပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း သိနိုင်သည့်အချက်များ

Source ; phothutaw

Read times
Rate this item
(1 Vote)