-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေကို သင့်ဆီကBEST(အကောင်းဆုံး)တွေဘယ်လိုပေးမလဲ?

လူတွေကို သင့်ဆီကBEST(အကောင်းဆုံး)တွေဘယ်လိုပေးမလဲ? google.com

Douglas Lawsonပြောဖူးပါတယ်။

"သင်ဟာ ကိုယ်ယူထားတာတွေနဲ့ ခဏပဲနေနိုင်လိမ့်မယ်။

ဒါပေမယ့် ကိုယ်ပေးလိုက်တာတွေနဲ့ တော့ ထာဝရနေနိုင်ပါလိမ့်မယ်"တဲ့ ။

လူတိုင်းဟာ အခြေအနေတိုင်းမှာ လူတိုင်းဆီက အကောင်းဆုံးတွေကို မျှော်လင့်နေတက်ကြပါတယ်။

အဲဒီမွေးရာပါ မျှော်လင့်တက်တဲ့စိတ်ဟာ ဆင်းရဲချမ်းသာနဲ့ မဆိုင်သလို မြင့်မြတ်မှု နိမ့်ကျမှု/အဆင့်အတန်းတွေနဲ့ လည်း မဆိုင်ပါဘူး။

လူတိုင်းက လူတိုင်းဆီက တောင့်တတက်တဲ့အရာတွေထဲမှာ တန်ဖိုးအကြီးဆုံးကတော့ ရုပ်ဝတ္ထုပစ္စည်တွေထက်ပိုတဲ့ အပြုံး/အသိအမှတ်ပြုမှု/နားလည်စာနာမှုနဲ့ ယုံကြည်လေးစားမှုတွေပါပဲ။

ဒီနေရာမှာ အံ့သြစရာကောင်းလောက်အောင် မှန်တဲ့ စကားပုံတစ်ခုရှိပါတယ်။

အဲဒါကတော့"လောကမှာ တန်ဖိုးအကြီးဆုံးလူတွေပိုင်ဆိုင်ထားတဲ့အရာတွေဟာ သူတို့ အလကားရထားတာတွေပါ"တဲ့။

နွေးထွေးကြင်နာတဲ့ အပြုံး/စာနာနားလည်တက်တဲ့ အကြည့်နဲ့ ယုံကြည်လေးစားပေးလိုက်တဲ့ ဂရုဏာတရားတွေအားလုံးဟာ

တခြားသူတွေကို ပေးလိုက်လို့ ကျွန်တော်တို့ နစ်နာစရာမရှိတဲ့ သဘာဝရဲ့ လက်ဆောင်တွေပါပဲ။

Mother Tereas(မာသာထရီဆာ) ပြောဖူးတာလေးရှိပါတယ်။

"သင် မလုပ်နိုင်တာကို ကျွန်ုပ်က လုပ်နိုင်တယ်။

ကျွန်ုပ်မလုပ်နိုင်တာကိုကျတော့ သင်ကလုပ်နိုင်တယ်။

ဒါဆို နှစ်ယောက်ပေါင်းလုပ်မယ်ဆိုရင် နှစ်ခုလုံးပြီးနိုင်တာပေါ့" ဆိုတဲ့ စကားလေးပါ။

ဒါပေမယ့် ကျွန်တော်တို့ တွေမှာ တခြားသူတွေကိုကျွန်တော်တို့ ဆီက ပိုင်ဆိုင်မှုတွေပေးဖို့ အဓိကတွေဝေစေတဲ့အရာတွေထဲမှာ မုန်းတီးမှု/ခါးသီးတဲ့အတွေ့ အကြုံတွေနဲ့ အပြန်အလှန်မယုံကြည်မှုတွေ ပါဝင်ပါတယ်။

ပိုပြီး လက်တွေ့ ကျတဲ့ အချက်ကတော့လူတွေအတွက် ဘယ်လိုပေးဆပ်ရမယ်ဆိုတာမသိတာပါပဲ။

BEST လို့ ခေါ်တဲ့ သင့်ဆီက"အကောင်းဆုံး"တွေကို လူတွေထံ ပေးဖို့ အောက်ပါအတိုင်း ကြိုးစားကြည့်စေချင်ပါတယ်။

 

B=Believe them(တခြားသူတွေကို ယုံကြည်မှုပေးပါ)

ယုံကြည်မှုဟာ ကျွန်တော်တို့ တခြားသူတွေဆီကအတောင့်တဆုံး လေးစားမှုပါ။

SUCCESSမဂ္ဂဇင်းရဲ့ သုတေသနတစ်ခုအတွက် ရလဒ်က"အောင်မြင်သူတိုင်းဟာ လူတွေကို ယုံကြည်မှုပေးနိုင်သူတွေဖြစ်တယ်"လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ယုံကြည်မှုဟာခေါင်းဆောင်သူတိုင်းပေးရမယ့် လက်အောက်ငယ်သားတွေအတွက် မျှော်လင့်ချက်တစ်ခုပါ။

ဒီနေရာမှာ ထင်ရှားတဲ့ လူမှုဗေဒပညာရှင် Morton Huntရဲ့ လေ့လာတွေ့ ရှိချက်ကို သိဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။

ပါမောက္ခHuntက လူထောင်ပေါင်းများစွာကိုသုတေသနပြုပြီးမှ ယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ အဖြေတွေရရှိခဲ့တာပါ။

သူတွေ့ ရှိခဲ့တဲ့အချက်တွေထဲကအောက်ပါ အချက်၃ချက်ကို လေ့လာကြည့်ရအောင်ပါ။

 

အယူမှား အယူမှန်(သုတေသနရလဒ်)

*ယုံတက်တဲ့သူတွေဟာ *လက်တွေ့ မှာမယုံတက်တဲ့လှိမ့်လို့ ကောင်းတဲ့သူတွေလောက် အညာမခံရပါဘူး။

*ကိုယ့်ကိုကိုယ် သိပ်အ *လက်တွေ့ မှာ ကိုယ့်ကိုထင်မကြီးသူတွေဟာ ပိုပြီး တန်ဖိုးထားယုံကြည်သူယုံလွယ်တယ်။

တွေဟာ စိတ်လှုပ်ရှားစရာတွေ ပိုလုပ်ချင်ကြတယ်။

မယုံတက်တဲ့ သူတွေဟာ *ယုံကြည်မှုမြင့်မားတဲ့သူတခြားသူရဲ့ ခံစားချက်တွေ တွေဟာ လူကဲခတ်ပိုပြီးကို ပိုပြီးမြင်တယ်။ တော်ကြပါတယ်။

 

E=Encourage them(သူတို့ ကို အားပေးပါ)

လူမှုရေးပညာရှင် ပေါလ်ဂျေ မေယားကပြောဖူးတယ်။

"ပြိုင်ပွဲမှာ ရှုံးနိမ့်သူ၉၀%ဟာ တကယ်ရှုံးတာမဟုတ်။

ပြိုင်ပွဲမပြီးခင် နှုတ်ထွက်သွားကြတာပါ"တဲ့။

ဒီစကားက အောင်မြင်မှုကြီးကြီးမားမားနဲ့ ထိုက်တန်ဖို့ ကြီးကြီးမားမားပေးဆပ်ရတဲ့ ရှုံးနိမ့်မှုတွေအတွက် လူတိုင်းမှာ အားပေးမှု သိပ်ကို လိုအပ်ပါတယ်

ဆိုတာကို ဖော်ပြလိုက်တာပါပဲ။

အားပေးနှစ်သိမ့်မှုရဲ့ ပေးဆပ်ရမှုက အမြဲတမ်း တုန့် ပြန်မှုရှိပါတယ်။

သင်ကရှုံးနိမ့်မှုတွေကြားက လူတစ်ယောက်အတွက် အားပေးစကားတစ်ခွန်းပြောနိုင်ခဲ့ရင် သင်လဲကျမှုတွေကို ခံနိုင်ရည်မရှိတော့တဲ့အချိန် ပြန်ရမယ့်အကူအညီက သင့်အတွက် တန်ဖိုးဖြတ်နိုင်မှာမဟုတ်ပါဘူး။

တခြားသူတွေကို သင်အားပေးနိုင်မှုဟာအဲဒီသူတွေရဲ့ ရင်ထဲမှာ "ဘဝမှာ မျှော်လင့်ချက်မဲ့တဲ့အခြေအနေဆိုတာမရှိဘူး။

မျှော်လင့်ချက်မထားတဲ့သူတွေပဲရှိတယ်"လို့ သူတို့ ယုံကြည်လာတဲ့အချိန်မှာအမြင့်မားဆုံး ဖြစ်လာပါလိမ့်မယ်။

Cullen Hightowerရဲ့ အောင်မြင်မှုအပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက်က ခုလိုပါ။

"အောင်မြင်မှုဆိုတာ သင့်ကိုပြန်မကူညီနိုင်တဲ့သူတစ်ယောက်အပေါ် ကူညီလိုက်နိုင်တဲ့အချိန်မှာအစစ်မှန်ဆုံး ဖြစ်ပါတယ်"

 

S=Share with them(သူတို့ နှင့်မျှဝေခံစားပါ)

သူတို့ မြင်သလို မြင်အောင်ကြည့်တာဟာ စာနာမှုပါ။

သူတို့ ခံစားသလို ခံစားနိုင်တာကတော့ ဂရုဏာပဲဖြစ်ပါတယ်။

အပြန်အလှန် နားလည်မှုက နားမလည်လည်နိုင်တဲ့ ဘဝရဲ့ ပြသနာတိုင်းကို ဖြေရှင်းပေးပါလိမ့်မယ်။

ပေးဆပ်ချင်တဲ့စိတ်ကသာ ပိုင်ဆိုင်မှုတွေကိုဖန်တီးပေးတာပါ။

ပိုင်ဆိုင်ချင်တဲ့စိတ်ကနေ ဘယ်အခါမှပေးဆပ်နိုင်တဲ့ ဘဝကို ရောက်မလာနိုင်ပါဘူး။

သူတော်စင်ကြီး Fransis ကပြောခဲ့ဖူးပါတယ်။

"ပေးဆပ်ခြင်းက သင့်ကို လူတွေနဲ့ ပေါင်းစည်းစေပြီး ရယူခြင်းကတော့ လူတွေနဲ့ ဝေးကွာစေပါတယ်"တဲ့

"တကယ်တော့ ဘဝမှာ အရေးအကြီးဆုံးက ကိုယ်အထက်ရောက်နေတဲ့အခါ လူတွေချီးမွမ်းထောပနာပြုဖို့ ထက် ကိုယ်အောက်ရောက်နေတဲ့အခါ လူတွေလွမ်းဆွတ်တမ်းတနေဖို့ က ပိုအရေးကြီးတာပါ"

 

T=Trust them(သူတို့ ကို စိတ်ချပါ)

ခေါင်းဆောင်မှုပညာပါရဂူJohn C Maxwellကပြောဖူးပါတယ်။

"ခေါင်းဆောင်မှုရဲ့ အရင်းအမြစ်ဟာ ကိုယ့်တာဝန်ပေးလိုက်တဲ့သူအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ ယုံကြည်စိတ်ချမှုပါပဲ"တဲ့။မှန်ပါတယ်။

လုပ်ပိုင်ခွင့် ခွဲဝေပေးခြင်းဟာအလုပ်တွင်စေခြင်းရဲ့ သော့ချက်ပါ။

"လူတစ်ယောက်ရဲ့ အချစ်ခံရတာထက် သူ့ ရဲ့ ယုံကြည်ခြင်းခံရတာက ပိုပြီးဂုဏ်ယူစရာဖြစ်တယ်"လို့ George Macdonaldပြောခဲ့ဖူးပါတယ်။

တကယ့်တကယ်မှာလည်း လူတွေကို ယုံကြည် စိတ်ချတက်တဲ့ သူတစ်ယောက်ဟာ တစ်ခါတရံ လိမ်ညာခံရနိုင်ပေမယ့် လူတွေအပေါ် ယုံကြည်နားလည်မှုမပေးနိုင်တဲ့သူတစ်ယောက်ကတော့ အမြဲတစေဆိုးရိမ်သောက ခံစားနေရမှာ မလွဲပါဘူး။

ဒီအဆင့် ၄ ဆင့်နဲ့ ကျွန်တော်တို့ ဟာ လူတွေကိုအကောင်းဆုံးတွေ ပိုင်ဆိုင်စေပါလိမ့်မယ်။

အပြန်အလှန်အားဖြင့်လည်း သူတို့ အကောင်အထည်ဖော်နိုင်တဲ့အကောင်းဆုံးတွေကနေတစ်ဆင့် ကျွန်တော်တို့ ရဲ့ ကြီးမြတ်မှုဟာလည်း မြင့်မားလာပါလိမ့်မယ်။

"အကျိုးဆောင်ခြင်းဟာ ဒီကမ္ဘာကြီးမှာ နေထိုင်တဲ့အတွက် တခြားသူတွေကို ကျွန်တော်တို့ ကပေးရမယ့်အဖိုးအခပါပဲ"လို့ Nathan Eldon Tannerက မိန့် ဆိုဖုးပါတယ်။

ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်တို့ ရဲ့ ပြီးပြည့်စုံမှုတွေဟာ တခြားသူတွေအတွက် ပြီးပြည့်စုံစေချင်တဲ့ စေတနာပေါ်မှာ အခြေခံတယ်ဆိုတာကိုပေါ့။

နောက်ဆုံးအနေနဲ့ မျှဝေပေးချင်တာကတော့ဟင်နရီဝါဒ့်ဖီးချားလ်ရဲ့ စကားလေးပါပဲ။

"ဤကမ္ဘာလောကကြီးမှာ ကျွန်တော်တို့ ကိုအမှန်တကယ်ကြီးမြတ်စေသောအရာတွေဟာ သူများတွေဆီကကျွန်တော်တို့ ယူထားတာတွေမဟုတ်ပဲ တခြားသူတွေအတွက် ကျွန်တော်တို့ ကပေးလိုက်တဲ့အရာတွေပဲ ဖြစ်ပါတယ်"

ကိုယ့်မှာ ရှိတဲ့ အကောင်းဆုံးဆိုတာတွေကို သူတစ်ပါးတွေအတွက် အများကြီးမဟုတ်တောင် နည်းနည်းဖြစ်ဖြစ် ပေးနိုင်ဖို့ ကြိုးစားလိုက်ကြဦးနော်...

Recommended for you-ကိုယ်ဖြစ်ချင်တဲ့ ခေါင်းဆောင်ပုံစံ ကိုယ်တိုင်ရွေးချယ်ပါ!

Credit; original writer

Read times
Rate this item
(1 Vote)