-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပစ္စုပ္ပန်မှာ လုပ်သင့်တာကို လုပ်ရင် အနာဂတ်က မင်းကို တာဝန်ယူသွားလိမ့်မယ်

ပစ္စုပ္ပန်မှာ လုပ်သင့်တာကို လုပ်ရင် အနာဂတ်က မင်းကို တာဝန်ယူသွားလိမ့်မယ် google.com

ရစ်ချတ်ဘရင်ဆန်က သူ့မိဘတွေ ငယ်စဉ်က ပြောပြခဲ့တဲ့ စကားတစ်ခွန်းကို မှတ်သားလိုက်နာလေ့ရှိတယ်။အဲဒီစကားက . . .

“ပစ္စုပ္ပန်မှာ လုပ်သင့်တာကို လုပ်ရင် အနာဂတ်က မင်းကို တာဝန်ယူသွားလိမ့်မယ်”

ပစ္စုပ္ပန်မှာ လုပ်သင့်တာဆိုတာ ဘာလဲ။ ပညာရှာသင့်တဲ့ အချိန်မှာ ပညာကို ကြိုးစားရှာမယ်။ စီးပွားရှာသင့်တဲ့ အချိန်မှာ

ကြိုးစားရှာမယ်။ ဒါဆိုရင် အနာဂတ်မှာ လူဆင်းရဲ စိတ်ဆင်းရဲ မနေရတော့ဘူး။ တကယ်လို့ အဲဒါ လုပ်သင့်တာတွေကို

မလုပ်တဲ့သူကိုတော့ အနာဂတ်က သနားလိမ့်မယ် မထင်ပါနဲ့။

ဒါနဲ့ ရစ်ချတ်ဘရင်ဆန်ဆိုတာ မသိသူများအတွက် အမြည်းလေး ရေးပေးလိုက်တယ်။

အင်္ဂလန်နိုင်ငံက ရစ်ချတ်ဘရင်ဆန်ဟာ ၁၉၅၀ ခုနှစ်မှာ ယာမြေစိုက်ပျိုးတဲ့ မိဘနှစ်ပါးက မွေးဖွားခဲ့တယ်။ သူ့မှာ ငယ်စဉ်ကတဲက

စာရေးစာဖတ်ခက်တဲ့ ဒစ်စလက်ရှာ (dyslexia) ရောဂါရှိခဲ့တယ်။ အဲဒီရောဂါကြောင့် သူဟာ ကျောင်းမှာ စာမလိုက်နိုင်တဲ့အတွက်

အသက် ၁၆ နှစ်မှာ ကျောင်းက ထွက်လိုက်ရတယ်။ အသက် ၁၇ နှစ်မှာ အင်္ဂလန်နိုင်ငံမှာ ရောင်းအကောင်းဆုံး Student မဂ္ဂဇင်းကို

ထုတ်ဝေခဲ့တယ်။ အသက် ၂၃ နှစ်မှာ Virgin Music တေးသီချင်းခွေအရောင်းဆိုင်တွေ၊ အသက် ၂၄ နှစ်မှာ Virgin Records

တေးသံသွင်းကုမ္ပဏီဲကြီးကို ထူထောင်ခဲ့ပြီး မီလျံနာဖြစ်လာခဲ့တယ်။ အသက် ၃၄ နှစ်မှာ Virgin Atlantic လေကြောင်းလိုင်းတစ်ခုကို

ထူထောင်ခဲ့တယ်။အသက် ၄၁ နှစ်မှာ ၈ ဘီလီယံတန်တဲ့ ကုမ္ပဏီပေါင်း ၃၀၀ ကျော်ပါဝင်တဲ့ Virgin Group ကို နိုင်ငံပေါင်း ၃၀

ကျော်မှာ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့တယ်။ သူဟာ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိဘဲ သုညနဲ့ စခဲ့ရပြီးမှ ၈ ဘီလီယံချမ်းသာအောင်

လုပ်နိုင်ခဲ့တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်သော ပုဂ္ဂိုလ်ပါ။

Recommended for you-ဒီနေ့ပဲ ယုံကြည်မှုကို သင့်အိတ်ထဲ ထည့်ပြီး အောင်မြင်မှုကို ရယူလိုက်ပါ

Credit; ဗန်းမော်သိန်းဖေ

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1

Read times
Rate this item
(2 votes)