-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့်ရဲ့ အသိဥာဏ်ကို စနစ်တကျ အသုံးချမယ်!

ကိုယ့်ရဲ့ အသိဥာဏ်ကို စနစ်တကျ အသုံးချမယ်! google.com

မွေးတစ်နေ့ သေတစ်နေ့ဆိုတာ နားလည်ကြသူတိုင်း ဖတ်သင့်ပါတယ်...

စဉ်းစားတွေးခေါ်တယ်ဆိုတာ ရှင်သန်ဖို့ ပါ။

 

လူ့ သမိုင်းကို ကြည့်လိုက်ရင် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့ လူမျိုးစုတွေဟာ ကမ္ဘာကို ပိုပြီး ကြီးစိုးနိုင်စွမ်းရှိပြီး စဉ်းစားတွေးခေါ်မှု အားနည်းတဲ့ မျိုးနွယ်စုတွေဟာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပါတယ်။

လူ့ စိတ်ရဲ့ အလုပ်ဟာလည်း ကာကွယ်ဖို့ နဲ့ သာယာဖို့ ဆိုတဲ့ ရှင်သန်မှု နှစ်ခုကိုသာလုပ်နိုင်ပြီး အဆင့်မြင့်တွေးခေါ်မှုတွေ မလုပ်နိုင်ပါဘူး။

အဆင့်မြင့်တွေးခေါ်မှုကိုတော့ ဦးနှောက်ရဲ့အရှေ့ဖက်အခြမ်းကလုပ်ဆောင်နေတာဖြစ်ပါတယ်။

သာယာမှုကို ခံစားနိုင်စွမ်းရှိတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကြောင့်လည်း ကောင်းကောင်းစားချင်တယ်။

သာယာတဲ့အသံကို နားထောင်ချင်တယ်။

တိရစ္ဆာန်နဲ့ မတူတာကတော့ လူဟာ စဉ်းစားတတ်တယ်။ အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်တယ်။

ဒီလိုတွေးခေါ်နိုင်စွမ်းရှိလို့လည်း လူဟာ နှစ်ပေါင်းများစွာကမ္ဘာပေါ်မှာ အကောင်းဆုံးရှင်သန်နိုင်ခဲ့တယ်။

အခါတပါးမှာ တောင်အာဖရိကနိုင်ငံ ဆာဖာရီဥယျာဉ်ထဲမှာ အမျိုးသမီးတစ်ဦးဟာ စောင့်ကြပ်သူမပါဘဲ ကားနဲ့ လှည့်လည်နေခဲ့တယ်။

အဲ့ဒီအမျိုးသမီးဟာ ဥယျာဉ်ကြီးရဲ့ တစ်နေရာအရောက်မှာ ချုံပုတ်ထဲကနေ ခြင်္သေ့သားပေါက်လေးသုံးကောင်တွေ့တာနဲ့ ဓာတ်ပုံရိုက်ချင်လာတယ်။

ကားပေါ်ကနေဓာတ်ပုံရိုက်ရတာ အားမရတဲ့အခါ ကားပေါ်ကဆင်းပြီး ခြင်္သေ့သားပေါက်လေးသုံးကောင်ကို ချုံပုတ်ထဲက ဆွဲထုတ်ပြီး တန်းစီလို့ ဓာတ်ပုံရိုက်ဖို့ ပြင်တယ်။

ဓာတ်ပုံရိုက်ချင်ဇောကပ်နေတော့ သူမနောက်ကျောမှာ မိခင်ခြင်္သေ့မကြီးရောက်နေတာ မသိလိုက်ပါဘူး။

ဘာဖြစ်သွားမယ်လို့ သင်ထင်လဲ...?

ဟုတ်ပါတယ်။

သားဇောကပ်နေတဲ့ ခြင်္သေ့မကြီးက အားပါးတရခုန်အုပ်လိုက်ပြီး သူမရဲ့ လည်မျိုကို ကိုက်သတ်လိုက်ပါတယ်။

ကျွန်တော် တို့ လည်း နေ့ စဉ်ဘ၀မှာ လမ်းဖြတ်ကူးတယ်…ခရီးသွားတယ် ကားမောင်းတယ်…ဆိုင်ကယ်စီးတယ် ...

ဆင်ခြင်မှုမပါဘဲ လုပ်နေရင် အသက်ဆိုတာ အချိန်မရွေး ကိုယ့်လက်ထဲက လွတ်ထွက်သွားနိုင်ပါတယ်။

ကျွန်တော်တို့ ဘ၀မှာ လူလူချင်း မဆင်မခြင်ပြုမှုနေတာလား?

လူလူချင်း မတော်မတရားလုပ်နေသလား နောက်ဆုံးအသတ်ခံရသည်အထိဖြစ်နိုင်ပါသေးတယ်။

တဖက်မှာလည်း ကိုယ့်မှာရှိတဲ့အသိဥာဏ်ကို စနစ်တကျအသုံးချမယ်ဆိုရင်တော့ ကိုယ့်ဘဝဘက်ပေါင်းစုံကနေဖွံ့ဖြိုးတိုးတက်အောင်လုပ်လို့ ရပါလိမ့်မယ်။

Ayn Rand ပြောခဲ့ဖူးသလို...

“လူဟာ သူဘယ်လောက်အတိုင်းအတာထိ ပျံသန်းချင်သလဲ ပျံသန်းနိုင်ပါတယ်။

ဘယ်လောက်အတိုင်းအတာထိ ထွန်းပေါက်အောင်မြင်ချင်သလဲ?

စွမ်းဆောင်နိုင်ပါတယ်။

ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်း အမှန်တကယ်လုပ်မယ်လို့ ကိုယ့်စိတ်နဲ့ ကိုယ် သဘောတူညီမှုရယူပြီးပြီဆိုရင် မခက်ခဲတော့ပါဘူး။”

တွေးခေါ်နိုင်စွမ်းရှိခြင်းသည် ဘယ်လိုရလဒ်မျိုးဖြစ်စေမလဲဆိုတာ တိုက်ရိုက်ဆက်စပ်နေပါတယ်။

ဘယ်လိုအတွေးမျိုးကို ရွေးချယ်မလဲ ဘယ်လိုလုပ်ဆောင်ချက်ကို လုပ်မှာလဲ အားလုံး အတွေးအခေါ်ရှိရပါမယ်။

ဒါ့ကြောင့် သတိတရားအားကောင်းလာတာနဲ့ အမျှ ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းဟာ ထက်မြက်လာပြီး ဘ၀ဟာ အရည်အသွေးတိုးတက်လာမှာဖြစ်ပါတယ်။

လူအများစုဟာ သူ့ တို့ ဘာဖြစ်ချင်လဲ မသိကြပါဘူး။

ဘာလိုချင်မှန်းလည်း မရှာဖွေကြဘဲ ဖြစ်ချင်ရာဖြစ်နေတာများပါတယ်။

တန်ဖိုးရှိတဲအချိန်တွေကို မသိမသာကုန်လွန်စေခဲ့ပြီး နောက်ဆုံးချိန်မှ နောင်တရတတ်ပါတယ်။

အတွေးအခေါ်ကောင်းမွန်ခြင်းဟာ အောင်မြင်သောဘ၀တစ်ခုတည်ဆောက်ဖို့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

Vaclav Havel ပြောခဲ့ဖူးသလို

“အနာဂတ်အမြင်တစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ အကောင်အထည်ဖော်မှုပါရပါမယ်။

လှေကားတစ်ထစ်ချင်း တက်လှမ်းသလို ပန်းတိုင်ကို ဦးတည်နေတဲ့လှေကားထစ်တွေကို တစ်ထစ်ချင်းတက်ရပါလိမ့်မယ်။”

ခေတ်သစ်လူသားတွေဟာ စာဖတ်တယ်…လေ့လာတယ်… သင်ယူတယ်…

အလွယ်လမ်းတွေ လိုက်ရှာတယ်…

အချိန်ယူတွေးခေါ်မှုတွေ သိပ်မလုပ်ကြဘဲ ရယ်ဒီမိတ်တွေလိုက်ရှာကြတယ်…

ဒီလိုနဲ့ တွေးခေါ်နိုင်တဲ့ဦးနှောက်ဟာ သံချေးတက်လာနေတယ်။

ဥပမာ လှပတဲ့ ဘောဒီလေးလိုချင်တယ်…အစားအသောက်တော့မရှောင်ချင်ဘူး...

လိုအပ်တဲ့ပေးဆပ်မှုမပါဘဲ အချောင်လိုချင်နေတယ်…

မျက်လှည့်ဆန်ဆန် ဖြစ်လာမလားဆိုတာကို  တိတ်တခိုးမျှော်လင့်နေတတ်ကြတယ်။

သေချာတာတစ်ခုကတော့ ထူးကဲသာလွန်တဲ့ဘ၀တစ်ခုကို တည်ဆောက်ဖို့ ဆိုတာ အချောင်လမ်း၊ အလွယ်လမ်းမရှိဘူးဆိုတာပါပဲ။

အနှစ်ချုပ်မှတ်သားရမှာကတော့ ကိုယ့်ရဲ့ရလဒ်တိုင်းဟာ သိလျက်နဲ့ တွေးတဲ့အတွေးကဖြစ်စေ မသိလိုက်ဘဲ တွေးမိရာကဖြစ်စေရလာတာဖြစ်တယ်။

ဒါ့ကြောင့် ဘာမှမလုပ်မီ သတိလေးကပ်ပြီး အသိပါတဲ့ တွေးခေါ်ဆင်ခြင်တဲ့အလေ့အကျင့်လုပ်ပါ။

အပြုသဘောတွေးမလား?

အပျက်သဘောတွေမလား?

ဘယ်လိုရလဒ်တွေကို ဖော်ဆောင်မှာလဲ

စာဖတ်သူကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။

ဘယ်အလေ့အကျင့်ပဲဖြစ်ဖြစ် အချိန်ယူလေ့ကျင့်ရမှာကိုတော့ မမေ့ကြပါနဲ့ ။

အောင်မြင်ချင်သလား…ကြိုးစားလေ့လာရပါမယ်။

လှပကျော့ရှင်းတဲ့ဘော်ဒီမျိုးပိုင်ဆိုင်ချင်သလား?

အစားအသောက်ဆင်ခြင်ရမယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ရပါလိမ့်မယ်။

လောကမှာ မပြေးဘဲ ပန်းဝင်ချင်တဲ့လူတွေ တစ်ပုံကြီးပါ။

အဲ့ဒီထဲက ပြတ်ပြတ်သားသားသတ္တိ ရှိရှိ နှုတ်ထွက်လိုက်စမ်းပါ။

အသိဥာဏ်ဦးဆောင်သောဘ၀ကို တည်ဆောက်နိုင်ကြပါစေ။

Recommended for you-ကိုယ့်ရည်မှန်းချက်ကို ကိုယ်တိုင်စီမံခန့်ခွဲမယ်

Ref : Jon Butcher’s lecture on intellectual life

Credit; Original Uploader

Read times
Rate this item
(1 Vote)