-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင် လုပ်ငန်းတစ်ခုခု စလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား?

သင် လုပ်ငန်းတစ်ခုခု စလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား? google.com

လုပ်ငန်းရှင်တစ်ယောက် သို့ အကြီးပိုင်း စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ လုံလောက်တဲ့ အရည်အချင်းတွေ ရှိ၊ မရှိ ကိုရော ဆန်းစစ်ကြည့်ချင်ပါသလား?

ကျွန်တော် Business Coaching လုပ်တဲ့ Client တွေထဲမှာ တစ်ခါတစ်လေ လုပ်ငန်းတစ်ခုခု စလုပ်ချင်တဲ့သူတွေ ဒါမှမဟုတ် လုပ်ငန်းရှင်တွေပါတတ်ပါတယ်။

အဲဒီအခါမှာ ကျွန်တော် ဒီမေးခွန်းလေးတွေ မေးဖြစ်ပါတယ်။

သင့်မှာ အဲဒီလုပ်ငန်းကို လုပ်ဖို့အတွက် လုံလောက်တဲ့

၁။ အထွေထွေ ဗဟုသုတ (General Knowledge) ရှိရဲ့လား။ (၁ မှတ်ကနေ ၁၀မှတ် အတွင်း အမှတ်ပေးကြည့်ပါ)

၂။ ဆက်စပ် ပညာရပ်ဆိုင်ရာ အရည်အချင်းတွေ (Related Technical Skills) ရှိရဲ့လား။ ( ၁ မှတ်ကနေ ၁၀မှတ် အတွင်း အမှတ်ပေးကြည့်ပါ)

၃။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အရည်အချင်းတွေ (Business Skills) တတ်ကျွမ်းရဲ့လား။ ( ၁ မှတ်ကနေ ၁၀မှတ် အတွင်း အမှတ်ပေးကြည့်ပါ)

၎။ ခေါင်းဆောင်မှုအရည်အချင်းတွေ (Leadership Skills) ရှိရဲ့လား။ ( ၁ မှတ်ကနေ ၁၀မှတ် အတွင်း အမှတ်ပေးကြည့်ပါ)

၅။ စီမံခန့်ခွဲမှု အရည်အချင်းတွေ (Management Skills ) ရှိရဲ့လား။ ( ၁ မှတ်ကနေ ၁၀မှတ် အတွင်း အမှတ်ပေးကြည့်ပါ)

၆။ မိတ်ဆွေအသိုင်းအ၀ိုင်း အဆက်အသွယ်ရှာနိုင်တဲ့ အရည်အချင်းတွေ (Networking Skills) ရှိရဲ့လား။ ( ၁ မှတ်ကနေ ၁၀မှတ် အတွင်း အမှတ်ပေးကြည့်ပါ)

၇။ ဆက်စပ်သော နိုင်ငံခြားဘာသာစကား (Language Skills) တတ်ကျွမ်းရဲ့လား။ ( ၁ မှတ်ကနေ ၁၀မှတ် အတွင်း အမှတ်ပေးကြည့်ပါ)

၈။ နည်းပညာ အရည်အချင်းများ (IT Skills, e.g - Microsoft Office skills & Internet skills) ရှိရဲ့လား။ ( ၁ မှတ်ကနေ ၁၀မှတ် အတွင်း အမှတ်ပေးကြည့်ပါ)

အထက်ပါအမှတ်များကို ပေါင်း၍ ၈ နှင့်စားပါ။

၁ မှတ် အနည်းဆုံး ၁၀ မှတ် အများဆုံး ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုရဲ့ အလားအလာဟာ အဲဒီလုပ်ငန်းကို ဦးဆောင်တဲ့ လုပ်ငန်းရှင်ရဲ့ အရည်အချင်းအပေါ်မှာ အများကြီး မူတည်ပါတယ်။

အကယ်၍ ရတဲ့အမှတ်ပေါ်မှာ
သင်ယုံကြည်မှုရှိတယ်ဆိုရင် ဆက်သွားပါ။

နည်းနေသေးတယ်ဆိုရင်
တစ်ချက်ချင်းမှာ နည်းတယ်လို့ ထင်တဲ့ အချက်တွေမှာ တိုးတက်လာအောင် လေ့လာသင်ယူပါ။

သင်တန်းကျောင်းတွေ စုံစမ်းပါ။

စာတွေဖတ်ပါ။

လ အလိုက် လေ့လာမယ့် အစီအစဉ် အတိအကျဆွဲပါ။ တကယ်လည်း လိုက်နာပါ။

သေသေချာချာတတ်အောင် လေ့လာပါ။

သင်လုပ်လိုတဲ့လုပ်ငန်းနယ်ပယ်မှာ တတ်ကျွမ်းသူတွေကို ရှာဖွေ၍ တိုင်ပင်ပါ။

လုံလုံလောက်လောက် အတွေ့အကြုံအရင်ယူပါ။

မဟုတ်ရင် သင်လိုအပ်နေတဲ့ ဧရိယာမှာ တတ်ကျွမ်းသူကို ရှာ၍ အလုပ်ခန့်ပါ။

မရှာနိုင်ရင်တော့ လောပြီး မစပါနဲ့ဦး။

လေ့လာသင်ယူမှုကြောင့် ပေးရတဲ့စရိတ် အချိန် အားအင် စိတ်ဓါတ်ရေးရာတွေထက် လုပ်ငန်းဆုံးရှုံးမှုကြောင့် တစ်ခုခုဖြစ်ရင် ဘ၀ပါ ထိခိုက်နိုင်ပါတယ်။

အထူးသဖြင့် အသက်ငယ်သေးရင် လောတတ်တယ်။

ဆုံးရှုံးခြင်းဟာ ခါးသီးတယ်။

သင်ခန်းစာယူနိုင်ပေမယ့် ဘ၀ထိခိုက်လောက်တဲ့ အမှားဖြစ်လို့ မရဘူး။
အရင်းအနှီးက အမြဲတမ်းပြန်ရှာမရနိုင်ဘူး။

သိပ်ကြောက်နေရမယ်လို့ မဆိုလိုပေမယ့် သေချာပြင်ဆင်မှု မရှိပဲ စစ်မြေပြင်ထွက်လို့ မရပါဘူး။

တစ်ခါတစ်ရံမှာ စောင့်ဆိုင်း၍ ပြင်ဆင်ခြင်းဟာ အကောင်းဆုံး လှုပ်ရှားမှု တစ်ခုပါပဲ။

Recommended for you-သုညကနေ စဖို့မလိုတော့ဘူး

Credit; Original Writer

Read times
Rate this item
(2 votes)