-->
×

Warning

JUser: :_load: Unable to load user with ID: 29


Professional Brand တစ္ခု ျဖစ္ေအာင္ ဘယ္လိုတည္ေဆာက္မလဲ

Professional Brand တစ္ခု ျဖစ္ေအာင္ ဘယ္လိုတည္ေဆာက္မလဲ google

တကယ္ေတာ့ ကုန္ပစၥည္းေတြမွာမွ Brand ရွိတာ မဟုတ္ပါဘူး။

ကၽြန္ေတာ္တုိ႔ လူတစ္ေယာက္ခ်င္းစီဟာလည္း Brand ေတြပါပဲ။ စုိင္းစုိင္းခမ္းလိႈ္င္ဆုိတာလည္း Brand ပဲ၊ လင္းသုိက္ညႊန္႕လည္း Brand ၊ ေဒါက္တာ ေအာင္ထြန္းသက္လည္း Brand ။ ကုိယ့္နာမည္ၾကားလုိက္တာနဲ႕ လူေတြဦးေႏွာက္နဲ႔ ႏွလံုးသားထဲမွာ ဘယ္လိုၿမင္လာသလဲ၊ အဲဒါ ကုိယ့္ Brand ပါပဲ။

 

ဒါၿဖင့္ Professional Brand တစ္ခုကို အေကာင္းဆံုးၿဖစ္ေအာင္ ဘယ္လိုတည္ေဆာက္ၾကမလဲ။

 

Branding မွာ အဓိကအားၿဖင့္ ABC ဆိုၿပီး (၃)ပိုင္းပါပါတယ္။

 

A – Appearance (how you look) ပံုပန္းသြင္ၿပင္

B – Behavior (how you act) အၿပဳအမူ

C – Communication (how you say) ဆက္သြယ္ေၿပာဆုိတဲ့ ပံုုစံေတြ ၿဖစ္ပါတယ္။

 

အဲဒီထဲကမွ Appearance အေၾကာင္းကုိ ၿပန္လည္ေ၀မွ်ခ်င္တယ္။ (၃)ဆင့္ရွိပါတယ္တဲ့။

 

Superman နဲ႔ Batman တို႕ ေခါင္းခ်င္းဆိုင္ေစခဲ႔တဲ့ အေမရိကန္ NFL ပြဲ ေၾကာ္ျငာ

 

အဆင့္(၁) မင္းၿဖစ္ခ်င္တဲ့ပံုရိပ္တစ္ခုကို ဖန္တီးပါ

အေရာင္အေသြး (Colour) – အ၀တ္အစား၀တ္ရင္ ၿဖစ္သလို မ၀တ္ဘဲ ကာလံေဒသံ၊ အေနအထားနဲ႕ ကုိက္ညီတဲ့ အေရာင္မ်ိဳး ေရြးခ်ယ္တတ္ဖုိ႔ ေၿပာသြားပါတယ္။ ကိုယ္နဲ႕ ဘယ္အေရာင္ဟာ လို္က္ဖက္သလဲဆုိတာလည္း သိေနဖို႔လိုပါတယ္။ အၾကမ္းအားၿဖင့္ေတာ့ ေမွာင္တဲ့အေရာင္ (Dark colour) ေတြဟာ Authority ရွိတဲ့ပံုကို ေပါက္ေစတယ္။ ဒါေၾကာင့္မုိ႕ ေရွ႕ေနေတြ၊ ႏုိင္ငံေရးသမားေတြ၊ Business leader ေတြဟာ အမည္းေရာင္ကုိ ၀တ္ဆင္ၾကတာ ၿဖစ္ပါတယ္။ မ်က္စိထဲၿမင္ၾကည္႔ပါ၊ ေရွ႕ေနဟာ အၿပာေရာင္တုိက္ပံု ၀တ္ထားရင္ စိတ္ထဲ ဘယ္လုိၿဖစ္သြားလဲ၊ နည္းနည္းေလး ေပါ့သလို ခံစားသြားရပါတယ္။

လင္းတဲ့အေရာင္ေတြ (Light colour) ေတြကေတာ့ Approachable ၿဖစ္တဲ့ပံု ေပါက္ေစတယ္။ ေဆးရံု၀န္ထမ္း၀တ္စံုေတြ၊ ေနာက္ ႏွစ္သိမ့္ေဆြးေႏြးေပးသူ (Counselor) ဆိုရင္ ဒါမ်ိဳးအေရာင္ေလးေတြ ၀တ္ဆင္သင့္တယ္။ လူကေတာ့ ဒီတစ္ေယာက္တည္းပဲ၊ ဒါေပမယ့္ ၀တ္တဲ့အေရာင္ေပၚမူတည္ၿပီး သူ႕ရဲ႕ Personality က အနည္းနဲ႕အမ်ား ကြဲသြားတတ္တယ္ဆုိတာေလး သိလို္က္ရပါတယ္။

 

ကုိယ္တုိင္းက်ဖို႕ (Fit) – ဒါကိုလည္း သတိထားဖုိ႔ လိုတယ္။ အ၀တ္အစားကုိ ရယ္ဒီမိတ္၀ယ္၀တ္တာထက္ ကုိယ္နဲ႕တုိင္းၿပီး ခ်ဳပ္ထားတဲ့ ၀တ္စံုက ပုိလို႔စမတ္က်ေစတယ္၊ ကုိယ့္ကုိလည္း ယံုၾကည္မႈရွိေစပါတယ္။ အ၀တ္အစားပြပြၾကီး ၿဖစ္ေနရင္လည္း မေကာင္းသလို၊ သိပ္ၾကပ္လြန္းရင္လည္း အၿမင္မသင့္ေတာ္ပါဘူး။ The better the fit, the sharper the look အ၀တ္အစား ကုိယ္နဲ႔ကြက္တိၿဖစ္ေနရင္ ၾကည္႔ရတာ သိပ္အဆင္ေၿပတယ္၊ ထက္ၿမက္တဲ့ပံုစံမ်ိဳးလည္း ေပါက္ေနတတ္တယ္တဲ့။

 

စတုိင္လ္ (Style) – ကုိယ္၀တ္ဆင္ထားတဲ့ နာရီ၊ ဖိနပ္၊ အသံုးအေဆာင္၊ စတာေတြကလည္း ကုိယ္ဘယ္လိုလူဆုိတာကို ၿပေနပါတယ္။ အန္တီစုဆုိရင္ ဘယ္အခ်ိန္ၾကည္႕ၾကည္႕၊ ပန္းပန္ထားတတ္တယ္။ ဒါက ဘာကိုၿပလဲဆုိရင္ ေအးခ်မ္းမႈကုိၿပတယ္၊ ဘာေတြဘယ္လိုၿဖစ္ၿဖစ္ ပန္းပန္လ်က္ပဲ ဆုိတဲ့ အရံႈးမေပးတဲ့စိတ္ကုိ ၿပတယ္။ ဖုိသီဖတ္သီၿဖစ္ေနတဲ့သူဆုိရင္ေတာ့ အလိုလိုေနရင္း သူဟာ အလုပ္ကုိလည္း စနစ္တက် လုပ္တတ္မွာ မဟုတ္ဘူးဆိုၿပီး ထင္ၿမင္သြားႏုိင္တာေပါ့။

 

အဆင့္ (၂) – ကုိယ္ သြားေတြ႔မယ့္လူနဲ႕ လိုက္ဖက္တဲ့ပံုစံကုိ ေရြးခ်ယ္ပါ

 

Colour ၊ Fit ၊ Style တို႔ကို စဥ္းစားၿပီးၿပီဆုိရင္ ကုိယ္အခုသြားမယ့္ ပြဲလမ္းသဘင္၊ သြားေတြ႔မယ့္လူ၊ စတာေတြနဲ႔ လိုက္ဖက္တ့ဲပံုစံကုိ ေရြးခ်ယ္ပါ။ ၿမန္မာလို၀တ္မွာလား။ သိပ္ၿပီး Formal က်တဲ့ပံုစံလား။ ဒါမွမဟုတ္ ေပါ့ေပါ့ပါးပါးေလး ၀တ္မွာလား။ စသၿဖင့္ေပါ့။

 

အဆင့္ (၃) – အၿမဲမၿပတ္ လုပ္ပါ

 

ကုိယ့္ကုိယ္ကုိယ္ Celebrity တစ္ေယာက္လုိ သေဘာထားၿပီး အၿမဲစမတ္က်ေနေအာင္ ေနပါတဲ့။ အဆုိေတာ္တစ္ေယာက္ကုိ ၾကည္႔လိုက္၊ ရိိႈးပြဲမွမဟုတ္ဘူး၊ ဒီအတုိင္းအၿပင္သြားလည္း စတုိင္လ္က လန္းေနတာပဲ။ ဒီလိုမ်ိဳး ကုိယ္လည္း လုပ္ရမယ္။ ပြဲလမ္းသဘင္မွ လူေတြနဲ႔ ေတြ႕တာ မဟုတ္ဘူး။ ဒီအတုိင္း သြားရင္းလာရင္းလည္း ဆံုႏုိ္င္တယ္၊ မိတ္ေဆြေတြ႕ႏုိင္တယ္။ အဲဒီအခါ ကိုယ့္ရဲ႕ ပံုမက်ပန္းမက်ပံုစံကုိ ၿမင္သြားၿပီး အထင္ေသးသြားႏုိင္တယ္။ ဒါေၾကာင့္ အၿမဲမၿပတ္ စမတ္က်ေနေအာင္ ေနဖို႔ လိုပါတယ္တဲ့။

ဒါၿဖင့္ အ၀တ္အစားေတြအမ်ားၾကီးထားရမွာလားဆုိေတာ့ မဟုတ္ပါဘူး။ လိုက္ဖက္ညီစြာ ၀တ္စားတတ္ဖုိ႔ပါပဲ တဲဲ့။ ဒီအက်ီၤေလးကိုပဲ ဒီေန႕ ဒီေဘာင္းဘီနဲ႔ ၀တ္လိုက္တယ္၊ ေနာက္တစ္ခါက် လံုခ်ည္နဲ႕၀တ္တယ္၊ စသၿဖင့္ အတြဲအဖက္ေၿပာင္းေၿပာင္းၿပီး ၀တ္စားသြားလုိ႔ ရပါတယ္။

 

မာ့ခ္ဇူကာဘတ္တုိ႕၊ စတိဗ္ေဂ်ာ့ဘ္တို႕ တီရွပ္ေလးေတြ၀တ္ၿပီး ပြဲေတြတက္ေတာ့ လူေတြက ေၿပာတယ္၊ ေတြ႕လား၊ သူတို႕ေတာင္ ဒီလို၀တ္ေသးတာပဲ တဲ့။

ဒါေပမယ့္ ကၽြန္ေတာ္ ေလာင္းရဲပါတယ္။ သူတုိ႕ဒီလိုအေနအထား ၿဖစ္မလာခင္မွာေတာ့ ေသေသခ်ာခ်ာ ၀တ္စားခဲ့ရမွာပါတဲ့။

 

ေၿပာရရင္ မာ့ခ္ဇူကာဘတ္ ဆုိတဲ့ Brand က လူတကာသိၿပီးပါၿပီ။ ဘာမွအထူးတလည္ တည္ေဆာက္ေနစရာ မလုိေတာ့ပါဘူး။ ဘာ၀တ္ထား၀တ္ထား သူေတာ္တာ လူတုိင္းသိတယ္၊ သူခ်မ္းသာတာ လူတုိင္းသိတယ္။

 

အဲဒါကို သြားအတုယူၿပီး လိုက္၀တ္လို႔ မရပါဘူး။ ကုိယ္က သူ႕ေလာက္လည္း မေတာ္ေသးသလို၊ သူ႕ေလာက္လည္း မခ်မ္းသာေသးပါဘူး။ ဘယ္သူမွလည္း ကုိယ့္အေၾကာင္း မသိေသးပါဘူး။ သူ႕လိုမၿဖစ္ေသးဘဲ သူ႕လုိ တီရွပ္လုိက္၀တ္ရင္ေတာ့ ကုိယ့္ရဲ႕ First impression ေတြဟာ ေတာ္ေတာ္ၾကီးကို ၿပႆနာ ေပးပါလိမ့္မယ္။

 

မွတ္ထားပါ။

First impression ဆိုတဲ့အၿမင္ဟာ (၃)စကၠန္႕ေလာက္ပဲ ၾကာတတ္ေပမယ့္ ၿပန္ၿပင္ရ တအားခက္ပါတယ္။ အဲဒီလိုပဲ ေနာက္တစ္ေခါက္ အခြင့္အေရးလည္း မရႏုိင္ပါဘူး။ ဒါေၾကာင့္မို႕ ကုိယ့္ရဲ႕ Brand ကို အေကာင္းဆံုးတည္ေဆာက္ခ်င္တယ္ဆုိရင္ ကုိယ့္အၿပင္ပန္းသြင္ၿပင္ အေရးၾကီးမႈကိုလည္း သတိရေစခ်င္ပါတယ္။

 

<<<unicode>>>

 

တကယ်တော့ ကုန်ပစ္စည်းတွေမှာမှ Brand ရှိတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ လူတစ်ယောက်ချင်းစီဟာလည်း Brand တွေပါပဲ။ စိုင်းစိုင်းခမ်းလှိုင်ဆိုတာလည်း Brand ပဲ၊ လင်းသိုက်ညွှန့်လည်း Brand ၊ ဒေါက်တာ အောင်ထွန်းသက်လည်း Brand ။ ကိုယ့်နာမည်ကြားလိုက်တာနဲ့ လူတွေဦးနှောက်နဲ့ နှလုံးသားထဲမှာ ဘယ်လိုမြင်လာသလဲ၊ အဲဒါ ကိုယ့် Brand ပါပဲ။

ဒါဖြင့် Professional Brand တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုတည်ဆောက်ကြမလဲ။

Branding မှာ အဓိကအားဖြင့် ABC ဆိုပြီး (၃)ပိုင်းပါပါတယ်။

A – Appearance (how you look) ပုံပန်းသွင်ပြင်

B – Behavior (how you act) အပြုအမူ

C – Communication (how you say) ဆက်သွယ်ပြောဆိုတဲ့ ပုံစံတွေ ဖြစ်ပါတယ်။

အဲဒီထဲကမှ Appearance အကြောင်းကို ပြန်လည်ဝေမျှချင်တယ်။ (၃)ဆင့်ရှိပါတယ်တဲ့။

 

Johnny Depp ရဲ့ သမီးဖြစ်သူ Lily Rose Depp နှင့် ရိုက်ကူးထားတဲ့ CHANEL ရဲ့ ကြော်ငြာ CAMPAIGN

အဆင့်(၁) မင်းဖြစ်ချင်တဲ့ပုံရိပ်တစ်ခုကို ဖန်တီးပါ

အရောင်အသွေး (Colour) – အဝတ်အစားဝတ်ရင် ဖြစ်သလို မဝတ်ဘဲ ကာလံဒေသံ၊ အနေအထားနဲ့ ကိုက်ညီတဲ့ အရောင်မျိုး ရွေးချယ်တတ်ဖို့ ပြောသွားပါတယ်။ ကိုယ်နဲ့ ဘယ်အရောင်ဟာ လိုက်ဖက်သလဲဆိုတာလည်း သိနေဖို့လိုပါတယ်။ အကြမ်းအားဖြင့်တော့ မှောင်တဲ့အရောင် (Dark colour) တွေဟာ Authority ရှိတဲ့ပုံကို ပေါက်စေတယ်။ ဒါကြောင့်မို့ ရှေ့နေတွေ၊ နိုင်ငံရေးသမားတွေ၊ Business leader တွေဟာ အမည်းရောင်ကို ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ မျက်စိထဲမြင်ကြည့်ပါ၊ ရှေ့နေဟာ အပြာရောင်တိုက်ပုံ ဝတ်ထားရင် စိတ်ထဲ ဘယ်လိုဖြစ်သွားလဲ၊ နည်းနည်းလေး ပေါ့သလို ခံစားသွားရပါတယ်။

လင်းတဲ့အရောင်တွေ (Light colour) တွေကတော့ Approachable ဖြစ်တဲ့ပုံ ပေါက်စေတယ်။ ဆေးရုံဝန်ထမ်းဝတ်စုံတွေ၊ နောက် နှစ်သိမ့်ဆွေးနွေးပေးသူ (Counselor) ဆိုရင် ဒါမျိုးအရောင်လေးတွေ ဝတ်ဆင်သင့်တယ်။ လူကတော့ ဒီတစ်ယောက်တည်းပဲ၊ ဒါပေမယ့် ဝတ်တဲ့အရောင်ပေါ်မူတည်ပြီး သူ့ရဲ့ Personality က အနည်းနဲ့အများ ကွဲသွားတတ်တယ်ဆိုတာလေး သိလိုက်ရပါတယ်။

ကိုယ်တိုင်းကျဖို့ (Fit) – ဒါကိုလည်း သတိထားဖို့ လိုတယ်။ အဝတ်အစားကို ရယ်ဒီမိတ်ဝယ်ဝတ်တာထက် ကိုယ်နဲ့တိုင်းပြီး ချုပ်ထားတဲ့ ဝတ်စုံက ပိုလို့စမတ်ကျစေတယ်၊ ကိုယ့်ကိုလည်း ယုံကြည်မှုရှိစေပါတယ်။ အဝတ်အစားပွပွကြီး ဖြစ်နေရင်လည်း မကောင်းသလို၊ သိပ်ကြပ်လွန်းရင်လည်း အမြင်မသင့်တော်ပါဘူး။ The better the fit, the sharper the look အဝတ်အစား ကိုယ်နဲ့ကွက်တိဖြစ်နေရင် ကြည့်ရတာ သိပ်အဆင်ပြေတယ်၊ ထက်မြက်တဲ့ပုံစံမျိုးလည်း ပေါက်နေတတ်တယ်တဲ့။

စတိုင်လ် (Style) – ကိုယ်ဝတ်ဆင်ထားတဲ့ နာရီ၊ ဖိနပ်၊ အသုံးအဆောင်၊ စတာတွေကလည်း ကိုယ်ဘယ်လိုလူဆိုတာကို ပြနေပါတယ်။ အန်တီစုဆိုရင် ဘယ်အချိန်ကြည့်ကြည့်၊ ပန်းပန်ထားတတ်တယ်။ ဒါက ဘာကိုပြလဲဆိုရင် အေးချမ်းမှုကိုပြတယ်၊ ဘာတွေဘယ်လိုဖြစ်ဖြစ် ပန်းပန်လျက်ပဲ ဆိုတဲ့ အရှုံးမပေးတဲ့စိတ်ကို ပြတယ်။ ဖိုသီဖတ်သီဖြစ်နေတဲ့သူဆိုရင်တော့ အလိုလိုနေရင်း သူဟာ အလုပ်ကိုလည်း စနစ်တကျ လုပ်တတ်မှာ မဟုတ်ဘူးဆိုပြီး ထင်မြင်သွားနိုင်တာပေါ့။

အဆင့် (၂) – ကိုယ် သွားတွေ့မယ့်လူနဲ့ လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်ပါ

Colour ၊ Fit ၊ Style တို့ကို စဉ်းစားပြီးပြီဆိုရင် ကိုယ်အခုသွားမယ့် ပွဲလမ်းသဘင်၊ သွားတွေ့မယ့်လူ၊ စတာတွေနဲ့ လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်ပါ။ မြန်မာလိုဝတ်မှာလား။ သိပ်ပြီး Formal ကျတဲ့ပုံစံလား။ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးလေး ဝတ်မှာလား။ စသဖြင့်ပေါ့။

အဆင့် (၃) – အမြဲမပြတ် လုပ်ပါ

ကိုယ့်ကိုယ်ကိုယ် Celebrity တစ်ယောက်လို သဘောထားပြီး အမြဲစမတ်ကျနေအောင် နေပါတဲ့။ အဆိုတော်တစ်ယောက်ကို ကြည့်လိုက်၊ ရှိုးပွဲမှမဟုတ်ဘူး၊ ဒီအတိုင်းအပြင်သွားလည်း စတိုင်လ်က လန်းနေတာပဲ။ ဒီလိုမျိုး ကိုယ်လည်း လုပ်ရမယ်။ ပွဲလမ်းသဘင်မှ လူတွေနဲ့ တွေ့တာ မဟုတ်ဘူး။ ဒီအတိုင်း သွားရင်းလာရင်းလည်း ဆုံနိုင်တယ်၊ မိတ်ဆွေတွေ့နိုင်တယ်။ အဲဒီအခါ ကိုယ့်ရဲ့ ပုံမကျပန်းမကျပုံစံကို မြင်သွားပြီး အထင်သေးသွားနိုင်တယ်။ ဒါကြောင့် အမြဲမပြတ် စမတ်ကျနေအောင် နေဖို့ လိုပါတယ်တဲ့။

ဒါဖြင့် အဝတ်အစားတွေအများကြီးထားရမှာလားဆိုတော့ မဟုတ်ပါဘူး။ လိုက်ဖက်ညီစွာ ဝတ်စားတတ်ဖို့ပါပဲ တဲ့။ ဒီအကျီၤလေးကိုပဲ ဒီနေ့ ဒီဘောင်းဘီနဲ့ ဝတ်လိုက်တယ်၊ နောက်တစ်ခါကျ လုံချည်နဲ့ဝတ်တယ်၊ စသဖြင့် အတွဲအဖက်ပြောင်းပြောင်းပြီး ဝတ်စားသွားလို့ ရပါတယ်။

မာ့ခ်ဇူကာဘတ်တို့၊ စတိဗ်ဂျော့ဘ်တို့ တီရှပ်လေးတွေဝတ်ပြီး ပွဲတွေတက်တော့ လူတွေက ပြောတယ်၊ တွေ့လား၊ သူတို့တောင် ဒီလိုဝတ်သေးတာပဲ တဲ့။

ဒါပေမယ့် ကျွန်တော် လောင်းရဲပါတယ်။ သူတို့ဒီလိုအနေအထား ဖြစ်မလာခင်မှာတော့ သေသေချာချာ ဝတ်စားခဲ့ရမှာပါတဲ့။

ပြောရရင် မာ့ခ်ဇူကာဘတ် ဆိုတဲ့ Brand က လူတကာသိပြီးပါပြီ။ ဘာမှအထူးတလည် တည်ဆောက်နေစရာ မလိုတော့ပါဘူး။ ဘာဝတ်ထားဝတ်ထား သူတော်တာ လူတိုင်းသိတယ်၊ သူချမ်းသာတာ လူတိုင်းသိတယ်။

အဲဒါကို သွားအတုယူပြီး လိုက်ဝတ်လို့ မရပါဘူး။ ကိုယ်က သူ့လောက်လည်း မတော်သေးသလို၊ သူ့လောက်လည်း မချမ်းသာသေးပါဘူး။ ဘယ်သူမှလည်း ကိုယ့်အကြောင်း မသိသေးပါဘူး။ သူ့လိုမဖြစ်သေးဘဲ သူ့လို တီရှပ်လိုက်ဝတ်ရင်တော့ ကိုယ့်ရဲ့ First impression တွေဟာ တော်တော်ကြီးကို ပြဿနာ ပေးပါလိမ့်မယ်။

 

မှတ်ထားပါ။

 

First impression ဆိုတဲ့အမြင်ဟာ (၃)စက္ကန့်လောက်ပဲ ကြာတတ်ပေမယ့် ပြန်ပြင်ရ တအားခက်ပါတယ်။ အဲဒီလိုပဲ နောက်တစ်ခေါက် အခွင့်အရေးလည်း မရနိုင်ပါဘူး။ ဒါကြောင့်မို့ ကိုယ့်ရဲ့ Brand ကို အကောင်းဆုံးတည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်အပြင်ပန်းသွင်ပြင် အရေးကြီးမှုကိုလည်း သတိရစေချင်ပါတယ်။

 

ေဒါက္တာျဖိဳးသီဟ

Myanmar Advertising Directory 

Read times
Rate this item
(0 votes)