-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer တွေ ဝယ်ချင်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဆွဲဆောင်မလဲ

တစ်ချို့ ဝယ်သူတွေဟာ လုပ်ငန်းက ခွင့်ပြုထားတဲ့ အမြည်းသုံးစွဲခြင်း၊ အစမ်းသုံးကြည့်ခြင်းများ မှတစ်ဆင့် ရောင်းကုန်ကို နှစ်သက်သော်လည်း လက်တွေ့ငွေအကုန်ခံ ဝယ်ယူခါနီးကျရင်တော့ လက်တွန့်တတ်ပါတယ်။

တစ်ချို့သော ဝယ်သူတွေကလည်း ဝယ်ခါနီးမှာ “ဝယ်ယူရကောင်းနိုးနိုး” နဲ့ ချီတုံချတုံဖြစ်တတ်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ ဝယ်သူကို ဝယ်ချင်လာအောင် ကြိုးစားလို့ရတဲ့ နည်းလမ်းတွေ ကို ပြောပြပေးချင်ပါတယ်။

၁။ အချိန်အကန့်အသတ်ဖြင့် ရောင်းခြင်း

“ဒီပစ္စည်းဟာ ၇ရက်ပြည့်ရင် မရောင်းတော့ပါဘူး” ၊ “ဒီထုတ်ကုန်ဟာ ရက်၃၀ အတွင်းပဲ ရောင်းချပါတယ်” အစရှိတဲ့ ကြော်ငြာတွေ တွေ့ဖူးမှာပါ။ ဒီနည်းလမ်းဟာ ဝယ်သူအနေနဲ့ ထုတ်ကုန်ကို လိုချင်စိတ်ရှိရင် အလျင်အမြန်ဝယ်ဖို့လိုအပ်တယ်ဆိုတဲ့ ခံစားချက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီထုတ်ကုန်ကို ဝယ်ယူခွင့်ရခြင်းက မဟာအခွင့်အရေး တစ်ခုဖြစ်တယ် ဆိုတဲ့ ခံစားချက်ကိုလည်း ပေးစွမ်းစေပါတယ်။ ဒီနည်းလမ်းဟာ ဝယ်သူတွေအနေနဲ့ ကိုယ့်ရဲ့ ထုတ်ကုန်ကို တန်ဖိုးထားတဲ့စိတ်တွေလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဒီနည်းလမ်းဟာ ချီတုံချတုံ ဖြစ်နေတဲ့ ဝယ်သူတွေကို အလျင်အမြန် ဝယ်ယူချင်အောင် လှုံ့ဆော်ပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ Netflix Mobile Application တွေမှာဆိုရင် ရုပ်ရှင်ကားတွေကို ရက်အကန့်အသတ်နဲ့သာ ကြည့်ခွင့်ပေးပြီး ကြည့်ချင်လာအောင် လေ့ရှိပါတယ်။

၂။ Promotion ပေးပါ။

တစ်ခါတစ်လေ ချီတုံချတုံ ဖြစ်နေတဲ့ Customer တွေကို ဝယ်ယူချင်စိတ်ဖြစ်လာအောင် Promotion တွေကလည်း လံှု့ဆော်ပေးနိုင်ပါတယ်။ ထုတ်ကုန် A ကို ဝယ်ယူရန် တွေဝေနေချိန်တွင် “ထုတ်ကုန် A ကို ဝယ်ယူပါက ထုတ်ကုန် B တစ်ခု လက်ဆောင်ရမည်” ၊ “Promotion ကာလအတွင်း ထုတ်ကုန်A ကို ဝယ်ယူပါက 30% Discount” ဟူသော ကမ်းလှမ်းမှုများက ဝယ်သူကို စိတ်ပါဝင်စားစေပါတယ်။

၃။ Email မှ ဖြစ်စေ ပြန်လည်ဆက်သွယ်ပါ။

ကိုယ့်ရဲ့ ထုတ်ကုန်ကို ဝယ်ဖို့ စူးစမ်းပြီးကာမှ ချီတုံချတုံဖြစ်သွားသော ဝယ်သူများရှိလျှင် ထိုဝယ်သူများကို ဆက်သွယ်ရန် ဖုန်းနံပါတ် ၊ လိပ်စာ အစရှိသည်တို့ကိ တောင်းယူထားပြီး အခွင့်သင့်ရင် သင့်သလို Email များ ၊ စာတိုများ ပေးပို့ခြင်းဖြင့် ဝယ်ယူချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်ဖို့ လိုပါတယ်။ ဘယ်လို အကြောင်းအရာမျိုးပေးပို့သင့်လဲ ဆိုရင်တော့ လာရောက်စုံစမ်းခြင်းအတွက် ကျေးဇူးတင်ကြောင်း ၊ Product ရဲ့ လုပ်ဆောင်ချက်များအကြောင်း ၊ Discount ၊ Promotion များ အကြောင်း ပေးပို့သင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဝယ်သူကို ထုတ်ကုန်အပေါ် စိတ်ဝင်စားမှုတိုးပွားစေပြီး ဝယ်ယူချင် စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကား Test Drive စမ်းမောင်းသွားပြီး ဝယ်ဖို့ စဉ်းစားနေတဲ့ customer ကို တစ်ပတ်အကြာမှာ ဖုန်ဆက်ပြီးပဲ ဖြစ်ဖြစ် ပြန်ဆက်သွယ်ပေးတာမျိုးပါ။ သတိထားရမှာက ဝယ်သူ စိတ်ရှုပ်တဲ့ အနေအထားထိ ရောက်အောင်တော့ အကြောင်းကြားခြင်း မပြုလုပ်သင့်ပါဘူး။

၄။ ဝယ်ယူလိုသူများ စုံစမ်းတဲ့အခါ သင်ပေးချင်တဲ့ သတင်းအချက်အလက်ဟာ ရှင်းလင်းရပါမယ်။

တစ်ချို့သော ဝယ်သူတွေဟာ ပစ္စည်းတစ်ခုကို ဝယ်ယူချင်စိတ် ဖြစ်တဲ့အခါ အင်တာနက်ဝဘ်ဆိုဒ်များ ၊ လူမှုကွန်ရက်များမှာ အရင် ရှာဖွေစုံစမ်းလေ့ရှိပါတယ်။ တစ်ချို့သော ထိတွေ့လို့မရတဲ့ နည်းပညာထုတ်ကုန်(Website , Software , Tools စတာတွေ များအတွက်ဆိုလျှင် ပိုပြီး လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Product အကြောင်း ရှင်းပြထားတဲ့ ကြော်ငြာစာ ၊ စာသားများမှာ သတင်းအချက်အလက်များကို ရှင်းရှင်းလင်းလင်း နဲ့ ဆွဲဆောင်မှု ရှိရှိ တင်ပြထားဖို့လိုပါတယ်။ Promotion အချက်အလက်များ ၊ Discount အချက်အလက်များ ပါပါက ပိုပြီး သတိထားဖို့ လိုပါတယ်။ ဒါမှသာ ဝယ်ချင်စိတ်ဖြစ်နေတဲ့ ဝယ်သူတွေကို လက်တွေ့ဝယ်ဖြစ်အောင် ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

၅။ ဝယ်သူများ ဝယ်ယူတဲ့အခါ ရှုပ်ထွေးမှုများ မရှိပဲ အလွယ်ကူဆုံးဖြစ်အောင် စီစဉ်ပေးပါ။

ဝယ်သူတွေ အနေနဲ့ ထုတ်ကုန်တစ်ခုကို ဝယ်ယူတဲ့အခါမှာ ရှင်းရှင်းလင်းလင်း မဟုတ်ပဲ အဆင့်များပြားနေခြင်း ၊ ရှုပ်ထွေးမှုများ ရှိပါက ဝယ်သူတွေ အနေနဲ့ နောက်ဆုတ်သွားဖို့များပါတယ်။ ဒါကြောင့် Customer နေရာက ဝင်စဉ်းစားပြီး Customer Service များ ညံ့ဖျင်းမှု မရှိစေရန် ၊ ဝယ်သူများ ဝယ်ယူမည်ဆိုပါမှ ကြော်ငြာထားသော ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျစေခြင်း မရှိစေရန် ၊ ယုံကြည်စိတ်ချရမှုမရှိသော ပေးပေး ငွေယူ စနစ်များ အသုံးပြုခြင်း မရှိစေရန် အစရှိသည်တို့ကို သတိထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါမှသာ ဝယ်သူတွေ အနေနဲ့ ချီတုံချတုံမဖြစ်တော့ပဲ ပြတ်ပြတ်သားသား ဝယ်ယူချင်စိတ်ဖြစ်လာမှာပါ။
Htet Zan Linn

Read times
Rate this item
(3 votes)