-->
×

Warning

JUser: :_load: Unable to load user with ID: 29


Plan ေကာင္းေကာင္းတစ္ခု ဘယ္လိုေရးဆြဲမလဲ

Plan ေကာင္းေကာင္းတစ္ခု ဘယ္လိုေရးဆြဲမလဲ google

လုပ္ငန္းကိစၥ တစ္ခုခုလုပ္တိုင္း Plan လိုအပ္ပါတယ္။

 

Plan ဘယ္လိုေရးဆြဲရ မလဲ မေျပာျပခင္  Plan ဆိုတာ ဘာလဲ အရင္ရွင္းျပေပးပါ့မယ္။

Plan ဆိုတာ ~~~~~

က်ေနာ္တို႔ ေရွ႕မွာ လုပ္ေဆာင္ရမဲ႔ လုပ္ငန္းစဥ္ေတြကို လက္ေတြ႕ အေကာင္အထည္ ေဖာ္ရာမွာ ပိုမိုတိက်ေသခ်ာေစရန္အတြက္ သီအိုရီေတြ နည္းဗ်ဳဟာေတြနဲ႔ အေသးစိတ္တြက္ခ်က္ၿပီး ေရးဆြဲ ထားတဲ႔ လုပ္ငန္းအေျချပဇယားပံုစံ သေဘာတရားေတြ ျဖစ္ပါ တယ္။


Plan နဲ႔ ပတ္သက္ၿပီး က်ေနာ္ေျပာလိုသည္မွာ တခ်ဳိ႕က Plan ဆြဲတတ္လားလို႔ ေမးလိုက္တာ (သို႔) Plan ဆြဲေပးပါလို႔ ေျပာလိုက္တာ နဲ႔ အမ်ားႀကီးေတြ စဥ္းစားၿပီး ေၾကာက္လန္႔ တိုင္ပတ္ကုန္က်တာပါဘဲ၊ အမွန္က က်ေနာ္တို႔ ငယ္ရြယ္စဥ္က စလို႔ ယေန႔ အခ်ိန္ထိ က်ေနာ္တို႔ရဲ႕ Way of Life Plan ကို က်ေနာ္တို႔ ကိုယ္တိုင္ေရးဆြဲခဲ႔ တာကို သတိမထားမိၾကတာပါ။

 

ေက်ာင္းေနစဥ္အရြယ္က မိမိလိုခ်င္ေသာ ကစားစရာ၊ အသံုးအေဆာင္ ပစၥည္းေတြကို မည္သို႔၀ယ္မလဲ၊ မုန္႔ဖိုးမေလာက္ရင္ တစ္ေန႔ ဘယ္ေလာက္စုမယ္၊ ေနာက္ဘယ္ ရက္ေလာက္ဆို ၀ယ္လို႔ ရၿပီ၊ ဒါမွ မဟုတ္ငါ႔မွာ ရွိတဲ႔ အသံုးအေဆာင္အေဟာင္းေတြ စာအုပ္ အေဟာင္းေတြ စုၿပီး ေရာင္းလိုက္လို႔ပိုက္ဆံ ရလာရင္ ဘာေတြကို ဘယ္လို လုပ္မယ္. စသည္ျဖင္႔ ငယ္ဘ၀ထဲက Plan ေတြကိုစိတ္ကူး နဲ႔ ေရးဆြဲၿပီး လက္ေတြ႕ အေကာင္အထည္ေဖာ္လာခဲ႔ၾကတယ္။

 

အရြယ္ေရာက္ေတာ႔လဲ ငါ ဘယ္ဘြဲ႕ကိုယူမယ္. ဘယ္သင္တန္းေတြ တက္မယ္. ဘယ္လိုမ်ိဳး အလုပ္ေတြကို ေရြးခ်ယ္မယ္. စသည္ျဖင္႔ ထပ္မံၿပီး အဆင္႔တိုးတဲ႔ Plan ေတြကို ဆြဲခဲ႔ဖူးၾကမွာပါ။

 

ဒါဆိုရင္ Plan ရဲ႕ သေဘာတရားေတြကို အၾကမ္းမ်ဥ္း ကၽြမ္းက်င္ နားလည္ၿပီလို႔ ယူဆလို႔ရပါၿပီ။

 

လူေတြမသိေသးတဲ႔ Veve ေၾကာ္ျငာထဲက ျမွဳပ္ကြက္ေလး

 

ဒီေတာ႔ က်ေနာ္တို႔ လုပ္ငန္းခြင္ထဲမွာ လုပ္ငန္းသေဘာတရားအရ Plan ေတြကို ဘယ္လိုေရးဆြဲမလဲ ?


စည္းမ်ဥ္းေတြ စည္းကမ္းေဘာင္ေတြ ခဏ ေဖ်ာက္လိုက္ျပီး က်ေနာ္တို႔ ခပ္လြယ္လြယ္ဘဲ စဥ္းစားၾကရေအာင္။

 

Plan ဆိုထဲက သူမွာ ေခါင္းစဥ္ရွိရမယ္၊ Sale Plan လား Business Plan လား Market Plan လား Marketing Plan လား. တစ္ခုခုေပါ႔. ဘာျဖစ္ျဖစ္ က်ေနာ္တို႔ Plan ကို ေခါင္းစဥ္တပ္ၿပီးသြားရင္
္ ဘာေၾကာင္႔ ဒီ Plan ကိုဆြဲတာလဲ ဆိုတဲ႔ ရည္ရြယ္ခ်က္ တစ္ခုေတာ႔ ရွိရမယ္။အဲ႔ဒါကို Objective လို႔ေခၚတယ္။

 

ကဲ ရည္ရြယ္ခ်က္ၿပီးသြားရင္. ဒီ Plan ကို ဘယ္လို အျမင္တစ္ခု နဲ႔ တည္ေဆာက္မလဲ ဆိုတဲ႔ အျမင္တစ္ခုရွိရမယ္. အဲ႔ဒါကို Vision လို႔ေခၚတယ္။

 

ေနာက္ ဒီ Plan ကို ဘယ္လိုမ်ိဳး နည္းလမ္းေတြ နဲ႔ လက္ေတြ႕ ေဆာင္ရြက္အေကာင္အထည္ေဖာ္မလဲ ဆိုတဲ႔ ဦးတည္ခ်က္ လမ္းစဥ္ ရွိရမယ္. အဲ႔ဒါကို Mission လို႔ေခၚတယ္။

 

ကဲေနာက္ဆံုး ဒီ Plan ရဲ႕ ေရာက္ရွိရမယ္႔ ရည္မွန္းခ်က္ ခရီး ပန္းတုိင္ ရွိရမယ္. အဲ႔ဒါကို Goal လို႔ေခၚတယ္။ (အဲ႔မွာ တစ္ဦးခ်င္း ဆီရဲ႕ ပန္းတိုင္ အခ်ိန္ကာလ မတူႏွိဳင္ပါဘူး။ ၆လ တစ္ႏွစ္ ႏွစ္ႏွစ္. စသည္ျဖင္႔ အဖြဲအစည္းလုပ္ငန္းစဥ္ေပၚမႈတည္ၿပီး ကြဲျပား ပါတယ္)

 

ကဲ က်ေနာ္တို႔ အေပၚကေျပာခဲ႔တ့ဲ Plan ေရးဆြဲ နည္းမွာ ဘာေတြ ရသြားၿပီလဲ. ခ်ေရးၾကည့္ရေအာင္......

Plan အမည္ (Title of Plan)
Plan ရည္ရြယ္ခ်က္ (Objective)
Plan အျမင္ (Vision)
Plan ဦးတည္ခ်က္ (Mission)
Plan ပန္းတိုင္ (Goal)

ဒီအဆင္႔ နဲ႔ တင္ ေရးဆြဲတဲ႔ Plan တစ္ခု ကေတာ္ေတာ္ သပ္သပ္ရပ္ရပ္ နဲ႔ ခရီးေရာက္ေနပါၿပီ။

 

ဘာနဲ႔ ေရးဆြဲမလဲလို႔ေမးစရာ ရွိမယ္.. ႀကိဳက္တာ နဲ႔ ေရး . ေခါင္းစဥ္သေဘာတရားကိုနားလည္ရင္ကၽြမ္းက်င္သလိုေရးရတယ္.။

Power Point, Word, Excel, ႀကိဳက္သလိုသာေရး English လိုေရးေရးျမန္မာလိုေရးေရး အဆင္ေျပသလိုသာေရး. အဓိက ေသခ်ာစဥ္းစားၿပီးလက္ေတြ႕ ခ်ေရး ဖို႔သာ လိုပါတယ္။

 

ကဲ Plan ေကာင္းေကာင္းတစ္ခုေရးဆြဲဖို႕ လိုအပ္တဲ့ အဓိက အခ်က္ကို  အားလုံးေကာင္းေကာင္းနားလည္သေဘာေပါက္သြားၾကမယ္လို႕ ေမွ်ာ္လင့္ပါတယ္။

အခုလိုအခ်ိန္ေပးျပီး ဖတ္ေပးတဲ႔အတြက္ အားလုံးကို ေက်းဇူးအထူးတင္ပါတယ္။

 

<<<UNICODE>>>

 

လုပ်ငန်းကိစ္စ တစ်ခုခုလုပ်တိုင်း Plan လိုအပ်ပါတယ်။

Plan ဘယ်လိုရေးဆွဲရ မလဲ မပြောပြခင် Plan ဆိုတာ ဘာလဲ အရင်ရှင်းပြပေးပါ့မယ်။

Plan ဆိုတာ ~~~~~

ကျနော်တို့ ရှေ့မှာ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်ရာမှာ ပိုမိုတိကျသေချာစေရန်အတွက် သီအိုရီတွေ နည်းဗျုဟာတွေနဲ့ အသေးစိတ်တွက်ချက်ပြီး ရေးဆွဲ ထားတဲ့ လုပ်ငန်းအခြေပြဇယားပုံစံ သဘောတရားတွေ ဖြစ်ပါ တယ်။

 


Plan နဲ့ ပတ်သက်ပြီး ကျနော်ပြောလိုသည်မှာ တချို့က Plan ဆွဲတတ်လားလို့ မေးလိုက်တာ (သို့) Plan ဆွဲပေးပါလို့ ပြောလိုက်တာ နဲ့ အများကြီးတွေ စဉ်းစားပြီး ကြောက်လန့် တိုင်ပတ်ကုန်ကျတာပါဘဲ၊ အမှန်က ကျနော်တို့ ငယ်ရွယ်စဉ်က စလို့ ယနေ့ အချိန်ထိ ကျနော်တို့ရဲ့ Way of Life Plan ကို ကျနော်တို့ ကိုယ်တိုင်ရေးဆွဲခဲ့ တာကို သတိမထားမိကြတာပါ။

 

ကျောင်းနေစဉ်အရွယ်က မိမိလိုချင်သော ကစားစရာ၊ အသုံးအဆောင် ပစ္စည်းတွေကို မည်သို့ဝယ်မလဲ၊ မုန့်ဖိုးမလောက်ရင် တစ်နေ့ ဘယ်လောက်စုမယ်၊ နောက်ဘယ် ရက်လောက်ဆို ဝယ်လို့ ရပြီ၊ ဒါမှ မဟုတ်ငါ့မှာ ရှိတဲ့ အသုံးအဆောင်အဟောင်းတွေ စာအုပ် အဟောင်းတွေ စုပြီး ရောင်းလိုက်လို့ပိုက်ဆံ ရလာရင် ဘာတွေကို ဘယ်လို လုပ်မယ်. စသည်ဖြင့် ငယ်ဘဝထဲက Plan တွေကိုစိတ်ကူး နဲ့ ရေးဆွဲပြီး လက်တွေ့ အကောင်အထည်ဖော်လာခဲ့ကြတယ်။

 

အရွယ်ရောက်တော့လဲ ငါ ဘယ်ဘွဲ့ကိုယူမယ်. ဘယ်သင်တန်းတွေ တက်မယ်. ဘယ်လိုမျိုး အလုပ်တွေကို ရွေးချယ်မယ်. စသည်ဖြင့် ထပ်မံပြီး အဆင့်တိုးတဲ့ Plan တွေကို ဆွဲခဲ့ဖူးကြမှာပါ။

 

ဒါဆိုရင် Plan ရဲ့ သဘောတရားတွေကို အကြမ်းမျဉ်း ကျွမ်းကျင် နားလည်ပြီလို့ ယူဆလို့ရပါပြီ။

 

အေရာင္းထြက္နည္း စိတ္ပညာလွဲ့ကြက္အခ်ိဳ႕

 

ဒီတော့ ကျနော်တို့ လုပ်ငန်းခွင်ထဲမှာ လုပ်ငန်းသဘောတရားအရ Plan တွေကို ဘယ်လိုရေးဆွဲမလဲ ?


စည်းမျဉ်းတွေ စည်းကမ်းဘောင်တွေ ခဏ ဖျောက်လိုက်ပြီး ကျနော်တို့ ခပ်လွယ်လွယ်ဘဲ စဉ်းစားကြရအောင်။

 

Plan ဆိုထဲက သူမှာ ခေါင်းစဉ်ရှိရမယ်၊ Sale Plan လား Business Plan လား Market Plan လား Marketing Plan လား. တစ်ခုခုပေါ့. ဘာဖြစ်ဖြစ် ကျနော်တို့ Plan ကို ခေါင်းစဉ်တပ်ပြီးသွားရင်
် ဘာကြောင့် ဒီ Plan ကိုဆွဲတာလဲ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတော့ ရှိရမယ်။အဲ့ဒါကို Objective လို့ခေါ်တယ်။

 

ကဲ ရည်ရွယ်ချက်ပြီးသွားရင်. ဒီ Plan ကို ဘယ်လို အမြင်တစ်ခု နဲ့ တည်ဆောက်မလဲ ဆိုတဲ့ အမြင်တစ်ခုရှိရမယ်. အဲ့ဒါကို Vision လို့ခေါ်တယ်။

 

နောက် ဒီ Plan ကို ဘယ်လိုမျိုး နည်းလမ်းတွေ နဲ့ လက်တွေ့ ဆောင်ရွက်အကောင်အထည်ဖော်မလဲ ဆိုတဲ့ ဦးတည်ချက် လမ်းစဉ် ရှိရမယ်. အဲ့ဒါကို Mission လို့ခေါ်တယ်။

 

ကဲနောက်ဆုံး ဒီ Plan ရဲ့ ရောက်ရှိရမယ့် ရည်မှန်းချက် ခရီး ပန်းတိုင် ရှိရမယ်. အဲ့ဒါကို Goal လို့ခေါ်တယ်။ (အဲ့မှာ တစ်ဦးချင်း ဆီရဲ့ ပန်းတိုင် အချိန်ကာလ မတူနှိုင်ပါဘူး။ ၆လ တစ်နှစ် နှစ်နှစ်. စသည်ဖြင့် အဖွဲအစည်းလုပ်ငန်းစဉ်ပေါ်မှုတည်ပြီး ကွဲပြား ပါတယ်)

 

ကဲ ကျနော်တို့ အပေါ်ကပြောခဲ့တဲ့ Plan ရေးဆွဲ နည်းမှာ ဘာတွေ ရသွားပြီလဲ. ချရေးကြည့်ရအောင်......

Plan အမည် (Title of Plan)
Plan ရည်ရွယ်ချက် (Objective)
Plan အမြင် (Vision)
Plan ဦးတည်ချက် (Mission)
Plan ပန်းတိုင် (Goal)

ဒီအဆင့် နဲ့ တင် ရေးဆွဲတဲ့ Plan တစ်ခု ကတော်တော် သပ်သပ်ရပ်ရပ် နဲ့ ခရီးရောက်နေပါပြီ။

 

ဘာနဲ့ ရေးဆွဲမလဲလို့မေးစရာ ရှိမယ်.. ကြိုက်တာ နဲ့ ရေး . ခေါင်းစဉ်သဘောတရားကိုနားလည်ရင်ကျွမ်းကျင်သလိုရေးရတယ်.။

Power Point, Word, Excel, ကြိုက်သလိုသာရေး English လိုရေးရေးမြန်မာလိုရေးရေး အဆင်ပြေသလိုသာရေး. အဓိက သေချာစဉ်းစားပြီးလက်တွေ့ ချရေး ဖို့သာ လိုပါတယ်။

 

ကဲ Plan ကောင်းကောင်းတစ်ခုရေးဆွဲဖို့ လိုအပ်တဲ့ အဓိက အချက်ကို အားလုံးကောင်းကောင်းနားလည်သဘောပေါက်သွားကြမယ်လို့ မျှော်လင့်ပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

 

Ref: U Gyi Htet Thar

Myanmar Advertising Directory 

Read times
Rate this item
(2 votes)