-->
×

Warning

JUser: :_load: Unable to load user with ID: 29


Logo တို့၏အကြောင်း (သို့မဟုတ်) Logo 7 မျိုး

Logo ဘယ်လို ရွေးချယ်မလဲ

Logo ဆိုတာ brand နဲ့ customer ကို ဆက်သွယ်ပေးထားတဲ့ တံတားလေးတစ်ခုပါ။ Brand တစ်ခု သို့မဟုတ် Product, company တစ်ခုရဲ့ feel, confidence, trust အရာအားလုံးဟာ logo တစ်ခုထဲမှာပါဝင်ပါတယ်။

ကဲ အဲ့လိုဆိုတော့ logo အကြောင်းလေ့လာကြည့်ရအောင်။ Logo ဆိုတာ ရှေးခေတ် (Greek) ဂရိမျိုးတွေ စတင်တီထွင်သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ Greek ဘာသာစကားအရလဲလည်း ‘The Word’, ‘The Reason’, ‘The Plan’ လို့ခေါ်ကြပါတယ်။ ယခုအခါမှာ ကမ္ဘာ အနံ့အပြားမှာသုံးစွဲနေကြပြီပဲဖြစ်ပါတယ်။ သင်ဟာ Graphic Designer သို့မဟုတ် Logo အကြောင်းစိတ်ဝင်စားရင်တော့ အောက်မှာဖော်ပြမည့် အကြောင်းတွေအားသိထားရမှာဖြစ်ပါတယ်။

Logo ကို အသေးစိတ်ခွဲထုတ်ရင်တော့ 7 မျိုးရှိပါတယ်။ ဘာတွေလဲဆိုတော့
1. Letter-mark logo

2. Word-mark logo

3. Pictorial mark logo

4. Abstract mark logo

5. Mascot logo

6. Combination logo

7. Emblem logo။

အကျယ်လေ့လာသွားရအောင်….

1. Letter-mark logo

Letter-mark logo ဆိုတာကတော့ typography-based design ဖြစ်ပြီးတော့ စာအနည်းငယ်၊ အထူးသဖြင့် company နာမည်ရဲ့ထိပ်စည်းစာလုံးများကို ယူ၍ဖန်တီးထားခြင်းများဖြစ်တယ်။

ဥပမာအနေဖြင့် မြန်မာနိုင်ငံရဲ့ နာမည်ကြီး ကွန်ပျူတာသင်တန်းကျောင်း KMD, NASA (National Aeronautics and Space Agency), Superman logo တို့ဟာ letter-mark logo များဖြစ်ပါတယ်။

2. Word-mark logo

ဥပမာ SAMSUNG, VISA, Google, Coca Cola တို့ဟာ ထင်ရှားတဲ့ work-mark logo များဖြစ်ကြပါတယ်။

Company ၏နာမည်ကိုပဲ focus လုပ်ကာ ဖန်တီးခြင်းမျိုးဖြစ်တယ်။ များသောအားဖြင့် ကွဲပြားပြီး နားဝင်ချို မှတ်မိလွယ်တဲ့ နာမည်မျိုးရှိသော company တွေအတွက်သင့်တော်ပါတယ်။

Letter-mark logo လိုမျိုးပဲ typography-based ဖြစ်တဲ့အတွက် font ရွေးချယ်ရာမှာ အထူးအရေးကြီးပါတယ်။ Company ၏ business အမျိုးအစားလိုက် font ကို ရွေးချယ် သို့မဟုတ် create လုပ်နိုင်ရပါမယ်။ ဆိုပါစို့ Power ဆိုတဲ့ company name အတွက် font ပါးပါးလေးရွေးချယ်တာဟာ မှားရွင်းနိုင်ပါတယ်။ Power ဆိုတာ အင်အား ခွန်အား ဖြစ်တဲ့အတွက် ဘယ်လို font မျိုးသုံးရမလဲ Designer တစ်ယောက်အနေနဲ့ ကောင်းကောင်းကြီး နားလည်ဖို့လိုပါတယ်။

3. Pictorial mark (or logo symbols)

Brand marks သို့မဟုတ် Logo Symbols လို့လဲခေါ်ကြပါတယ်။

Icon တစ်ခု သို့မဟုတ် graphic-based design များသာဖြစ်ပါတယ်။

ဥပမာ Iconic Apple Logo, Nike ရဲ့ အမှန်ခြစ်ကလေးတို့ဟာ Pictorial mark
(or logo symbols) တို့ဖြစ်ပါတယ်။

ဒီလို logo type မျိုးဖန်တီးမယ်ဆိုရင်တော့ ဘယ် image, ဘယ် icon ကိုရွေးချယ်ရမလဲဆိုတာ အရေးကြီးပြီး ကိုယ်ရွေးချယ်လိုက်တဲ့ icon က ဘယ်လိုအဓိပ္ပယ်ကို ဖော်ကြူးသလဲဆိုတာ အရေးကြီးဆုံးတစ်ချက်ဖြစ်ပါတယ်။

4. Abstract mark

Abstract mark logo တွေဟာ အပေါ်မှာပြောခဲ့တဲ့ Pictorial mark (or logo symbols) တွေပဲဖြစ်တယ်။ ဘာမတူတာလဲဆိုတော့ ပန်းသီးတို့၊ twitter ရဲ့ ငှက်တို့လို မှတ်မိလွယ်တဲ့ ရိုးရိုးရှင်းရှင်း icon တွေမဟုတ်တော့ဘဲ ပိုပြီးကျစ်လစ်တဲ့အရောင်၊ စိတ္တဇဆန်တဲ့ ဒီဇိုင်းတွေပါဝင်လာပါတယ်။

နာမည်ကျော် ဥပမာအနည်းငယ်ပြောရမယ်ဆိုရင်တော့ Pepsi, bp oil and gas company, adidas ရဲ့ အစင်းကြောင်းလေးတွေပါတဲ့ ပန်း, Royal Dutch Shell တို့ဖြစ်တယ်။

5. Mascot logo

တခါတလေ အရောင်စုံတယ်၊ တခါတလေ ကာတွန်းဆန်တယ်။ များသောအားဖြင့် ချစ်စရာကောင်းကြပါတယ်။ Character တစ်ခုကို illustrate လုပ်ဖန်တီးကြပါတယ်။

အဲ့လို logo မျိုးကျတော့ company ကိုတည်ထောင်ခဲ့ဲတဲ့သူ သို့မဟုတ် company ရဲ့အရေးပါတဲ့သူ၊ ကိုယ့်ရဲ့ company or business or type တစ်ခုခုကို ကိုယ်စားပြုမည့် အရာ သို့မဟုတ် လူတစ်ဦးတစ်ယောက်အား ရွေးချယ်နိုင်ပါတယ်။

အထင်ရှားဆုံးကို ပြောရရင်တော့ ကျွန်တော်တို့ စားနေကြဖြစ်တဲ့ KFC (Kentucky Fried Chicken) logo, Premier League’s Lion logo, Pringles တို့သာပြောရမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ အာလူးကြော်လိုမုန့်အမျိုးအစားတွေမှာ တွေ့ရနိုင်ပါတယ်။ ကလေးတွေအတွက် ချစ်စရာကောင်းတဲ့ဖန်တီးမှုမျိုးဖြစ်ကြပါတယ်။

တစ်ခုစဉ်းစားရမှာက ဒီလို logo type မျိုးက marketing material အကုန်လုံးမှာသုံးဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဥပမာ Highly detailed ဆွဲထားတဲ့ illustration မျိုးတွေကို print လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

6. Combination mark

Combination ဆိုတဲ့အတိုင်း (word-mark သို့မဟုတ် letter-mark) နဲ့ (pictorial mark, abstract mark သို့မဟုတ် mascot) တွေကို ပောင်းစပ်ဖန်တီးခြင်းမျိုးဖြစ်တယ်။ အတိုပြောရရင် စာနဲ့ပုံ ပေါ့ဗျာ။

များသောအားဖြင့် ပုံအထဲ သို့မဟုတ် ပုံအပေါ်မှာ ထပ်၍ရေးကြပါတယ်။

လူသိများတဲ့ Burger King၊ Doritos (မြန်မာနိုင်ငံတွင်မရနိုင်သေး)၊ Lacoste, Lacoste ဆိုရင်စဉ်းစားကြည့်ပါ မိကျောင်းမပါဘဲ စာချည်းပဲဆိုရင် မှတ်မိရန် ခဲယဉ်းနိုင်ပါတယ်။ မိကျောင်းနဲ့ စာနဲ့ တွဲပေးလိုက်တော့ Lacoste လို့ပြောလိုက်တာနဲ့ မိကျောင်းစိမ်းစိမ်းလေးကို သွားသွားမြင်တယ်မဟုတ်လား။

Combination mark ကိုတော့ ဘယ် company အမျိုးအစားမဆို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း combination mark logo အသုံးပြု company တွေအနံှ့အပြားတွေ့နိုင်ပါတယ်။

7. Emblem logo

နောက်ဆုံးအမျိုးစားကတော့ emblem ပဲဖြစ်ပါတယ်။ symbol တစ်ခုထဲအား နာမည်တစ်ခုခုကို အစီအရီ ထည့်သွင်းရေးဆွဲထားခြင်းမျိုးဖြစ်တယ်။ ဘောလုံးအသင်း logo၊ ကျောင်း logo တွေမှာတွေ့ရများပါတယ်။

Emblem အမျိုးအစား logo မျိုးကိုဆွဲဖို့စဉ်းစားနေပြီဆိုရင် symbol မှာပါမယ့်စာကို font အသေးမသုံးရပါဘူး။ ဘာလို့လဲဆိုတော့ logo တွေဟာတခါတလေမှာသေးငယ်သွားနိုင်ပါတယ်။ business card လိုမျိုးမှာ print မယ်ဆိုရင် font သေးသေးလေးတွေကို မမြင်နိုင်ဘဲ ဖြစ်တဲ့ပါတယ်။ ထိုကြောင့် mascot နည်းတူ marketing material အကုန်နည်းပါးမှာ မသုံးပြုနိုင်ပါဘူး။

Future Now

Read times
Rate this item
(1 Vote)