-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing နယ်ပယ်မှာပြိုင်ဘက်တွေကို ဘယ်လို ပြိုင်မလဲ





 

1. Direct Competitors

 

ဓာတ်ပုံရိုက်လို့ ရတဲ့ ဘတ်စ်ကားမှတ်တိုင်ကြော်ငြာ

 


 


 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 




 



 

>>> Unicode <<<

 

ယနေ့ခေတ်က အရင်ကလို Production အသားပေးတဲ့ခေတ်မဟုတ်တော့ဘူး...... Marketing ခေတ်ဆိုတော့ Customer satisfaction ကိုအသားပေးလုပ်ကြရပါတယ်....

Customer တွေကြလဲ ကိုယ့်ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှု့ကို satisfy မဖြစ်ရင် အလားတူနောက်ထပ် Brand ကိုပြောင်းသုံးဖို့သေချာပါတယ်.... ပြိုင်ဖက်တွေများပီးအလွယ်တကူရွေးချယ်လို့ရတဲ့ခေတ်ကိုး.....


အဲ့တော့ ကိုယ့်ပြိုင်ဖက်တွေကဘယ်သူတွေလဲ ဘာတွေလုပ်နေလဲဆိုတာ လေ့လာဖို့တော့လိုလာပါပီ...
အလွယ်ပြောရင် ပြိုင်ဖက်ဆိုတာကိုယ့်ဆီက ပိုက်ဆံနဲ့အသဲကိုလုမယ့်သူပါ

အကြမ်းအားဖြင့် Competitors ၃ မျိုးရှိပါတယ်.....
1. Direct Competitors
2. Indirect Competitors
3. Industry Competitors

Direct competitors မှာ ၂ မျိုးထပ်ခွဲသေးတယ်...
1. Strategic Competitors နဲ့
2. Non-Strategic competitors

Direct competitors ကတော့ရှင်းပါတယ် ဒဲ့ပြိုင်ဖက်တွေကိုပြောတာပါ မြင်အောင်ပြရမယ်ဆို Coca-cola နဲ့ Pepsi.. Overtine နဲ့ Milo တွေက Direct Strategic competitors တွေဖြစ်ကြပါတယ် Price point ရော သွားတဲ့ဈေးကွက်လဲတူတူပါပဲ
နောက်တစ်ခု Colgate နဲ့ လေဆာ က Direct Non-strategic competitors ပါ သွားတိုက်ဆေးဈေးကွက်ထဲမှာဆိုပေမယ့် Price Point နဲ့ သွားတဲ့ဈေးကွက်မတူဘူး ......

Indirect Competitors က B2B ဈေးကွက်မှာဖြစ်လေ့ရှိပါတယ်....ဥပမာ ကွန်ပျုတာမှာ Monitor, chipset, sound card, processor အကြမ်းအားဖြင့်ရှိကြတယ်

အကယ်၍ ကွန်ပျူတာတစ်လုံးထုတ်လုပ်ဖို့ကုန်ကျစရိတ်က ဒေါ်လာ ၅၀၀ ဆိုပါတော့ အဲ့တော့ processor ကောင်းကောင်းထည့်မယ်ဆိုရင် ကျန်တာတွေ့လျှော့ရမယ်..... Monitor ကောင်းတာထည့်ရင် တခြားဟာတွေလျှော့ရမယ်..

တစ်ခုလိုချင်ရင် တစ်ခုလျှော့ရမယ် အဲ့လို Trade-offs တွေရှိတယ်...အဲ့ဒီသဘောက Indirect Competition ပဲ.....

Industry Competitors ကလုပ်ငန်းတူပြိုင်ဖက် same needs ကိုအခြေခံပီးစဉ်းစားတယ်.... ဥပမာ Coca-cola နဲ့ ရေနဲ့ပြိုင်လားဆိုရင် ပြိုင်ပါတယ်လို့ပြောပါမယ်.... ရေဆာတယ်ဆိုတဲ့ same needs ရှိလိုပါ.....

မာလာရှမ်းကောနဲ့ ဟော့ပေါ့လဲပြိုင်ပါတယ်.... ဗိုက်ဆာတယ်ဆိုတဲ့ Needs ကိုနှစ်ခုလုံးကဖြည့်ဆည်းပေးနိုင်လို့ပါ.......

 

မူရင်းရေးသားသူအား ခရီဒစ် ပေးပါတယ်။

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)